အပိုင်း ၁၅

240 33 13
                                    

Z& U

ကားကိုမောင်းရင်းတွေးမိသည်က ထိုပိစိလေးအကြောင်း ဘာရယ်မဟုတ် မျက်လုံးမှေားမှေားလေးတွေက ကိုယ်နဲ့တူလွန်းနေသည်က မင်္သကာစရာ။ အိမ်ထောင်သည် ဖြစ်သည့်အလျောက် ဂျောင်ကုရဲ့ခြေလှမ်းတွေက ကိုယ့်အပေါ် အနည်းငယ်ယိုင်နဲ့နေတာလည်း သတိထားမိပါရဲ့။ ဒါပေမဲ့ ကိုယ်တိုင်ကိုက မထိန်းနိုင်အောင် ဖေးမကူညီခြင်နေလေသည်။

ကိုယ့်စိတ်တွေလည်း ​ဂျောင်ကုနဲ့တွေ့မှ ထိန်းချုပ်မရ။ လွတ်ထွက်သွားသည့် စိတ်တွေထဲ ကိုယ့်နှလုံးသားလေး မပြုတ်သွားဖို့က အဓိက။ ထယ်ယောင်းဆီမှာ တစ်သက်လုံးရှိနေမဲ့ နှလုံးသားလေးပေါ့။

ဒါကိုပြောတာဖြစ်မည် အသက်အရွယ်ရဲ့ ရင်ကျက်ခြင်းနဲ့ ဆင်ခြင်တုံတရားဆိုတာလေ။ ဘာပဲဖြစ်ဖြစ် အသက် ၂၆ နှစ်အရွယ် ကိုယ်ကတော့ အများကြီးပိုကာ ရင့်ကျက်ခြင်နေပြီ။

ဒါပေမဲ့ ခေါင်းထဲရောက်လာတဲ့ ထိုကလေးက ဒုက္ခပေးပြန်လေသည်။ ဘာလို့ ကင်ဂျွန်းနီး ဖြစ်နေရတာလည်း။ ဘာလို့ ကိုယ့်မျိုးရိုးနဲ့ ကိုယ့်နာမည်က ပါနေရတာလည်း။

တကယ်လို့ ဒီကလေးက ကိုယ့်သားလေးဆိုရင်ကော။
မူးပြီးမှားကာ တစ်ယောက်ယောက်နဲ့များ ရခဲ့တဲ့ကလေးလား။ အဲ့ဒီ့သူက ဂျောင်ကုများ ဖြစ်နေမလား။ မဖြစ်နိုင်ပေ။ ဒါလုံးဝမဖြစ်နိုင်ပေ။ ဂျောင်ကုက ယောက်ျားလေး တစ်ယောက်ဖြစ်သလို ကိုယ်ကလည်း ဘယ်တုန်းကမှ ဒီလိုမျိုး ဖြစ်ခဲ့ဖူးတာ မရှိပေ။

ကျွီ

စိတ်ထဲဘောင်ဘင်ခတ်လာသည့် အတွေးစိုးစိုးတွေကို ခါထုတ်ဖို့ ကားကိုရပ်ပြီး။ စီယာတိုင်နဲ့ ခေါင်းကို စောင့်လိုက်မိသည်။

ဒုတ်

"မဖြစ်နိုင်ဘူး"

ဒုတ်

"မဖြစ်နိုင်ဘူး"

ဒုတ်

"မဖြစ်နိုင်ဘူး"

တစ်ဒုတ်ဒုတ်သံကြားနေရသော်ငြား ကိုယ့်ခေါင်းထဲမှာတော့ အစိုင်အခဲတစ်ချို့က ပြေမသွား။ ကိုယ်သိပ်ရူးနေပြီ။ သိပ်သိပ်ကို ရူးနေပြီ။ ပါးစပ်ကသာ မဖြစ်နိုင်ဘူး တစ်တွတ်တွတ် ရွတ်နေတာ တကယ်လို့ ကိုယ့်သားလေးဖြစ်ကြည့်ပါလား ဆိုပြီး အတွေးတွေထဲ ယောက်းကို မျက်နှာပြဖို့ပင် ရှက်ရွံလာလေသည်။ ကိုယ်တကယ်ရူးနေပြီ မဖြစ်နိုင်တာတွေကို တွေးတောနေသည်မို့။

2 YOUDonde viven las historias. Descúbrelo ahora