အပိုင်း ၂၄

222 23 7
                                    

Z&U

အဟင့်!

ထယ်ယောင်းအတိတ်ရဲ့ အိမ်မက်ကနေရုန်းမထွက်နိုင်သေးတာ ခုထိပင်ဖြစ်သည်။ မျက်လုံးမှိတ်ရင်တောင် ရဲရဲမမိတ်ရဲခြေ။ အရာရာအားလုံး ဂျီမင်းကလွမ်းမိုးထားလေသည်။ ကိုယ်မပိုင်သောအရာတစ်ခု ကကိုယ့်ဆီခဏလောက် လမ်းမှားရောက်နေချိန် အပိုင်လိုခြင်တာ ထယ်ယောင်းမမှားခဲ့.....။

"ယောင်း တစ်နေရာရာက နာလား"

မျက်လုံးခြင်းမဆိုင်ရဲသည့် အစ်ကို့ကြောင့် ယောင်းမျက်ဝန်းတွေကို အကူအညီယူမနေခြင်ပေ။ အစ်ကိုတကယ်ပဲ အဲ့ဒီဂျောင်ကုဆိုတဲ့ကောင်လေးအပေါ် ညွတ်ကျသွားမှာများလားလေ။

"နာတာပေါ့ သိပ်နာတယ် တစ်ကိုယ်လုံးပဲ ရစရာကိုမရှိဘူး"

ခံစားရတာတွေ ချခင်းပြီးဒရမ်မာဆန်ပြလို့ အစ်ကို့ကိုပြန်ရမယ်ဆို ကင်ထယ်ယောင်းဆိုတဲ့ သူကလုပ်နေဦးမှာ။ အရေးကြီးတာက အစ်ကိုသူ့အနား ရှိနေဖို့။ အတူတူအသက်ကြီးသွားဖို့ ဒီလောက်ပါပဲ ဒါပါပဲ။

"ကိုယ်တောင်းပန်ပါတယ် ယောင်းရယ် ကိုယ်တကယ်တောင်းပန်ပါတယ်"

ငါ့ဟဲ့လိုမာန်တတ်ပြချိန်တွေမှာတော့ ကင်နန်းဂျွန်ဟာ သိပ်ခေါင်းမာခဲ့ပါ၏။ သို့သော်ငြား ယခုမှာတော့ ထယ်ယောင်းမျက်ရည်တွေကြား လမ်းပြောက်လို့။ ခပ်မာမာသိက္ခာတွေက လုပ်ရပ်တစ်ခုတည်းနဲ့ လျောကျသွားတာများ ခြေရင်းကိုရောက်လို့......။

"ဘာလို့တောင်းပန်တာလဲ အစ်ကိုကယောင်းကိုနာကျင်အောင် လုပ်တာမှမဟုတ်တာကို"

ထယ်ယောင်းစကားအတိမ်အနက်က သွယ်ဝိုင်သဖြင့် ဝင်္ကဝုတ္တိအလင်္ကာမြောက်သည်။ ရှိုက်ခါ ရှိုက်ခါ ငိုနေတဲ့ထယ်ယောင်းကို နန်းဂျွန်ခမြာမှာလည်း အဘယ်သို့သော စကားများနဲ့နှစ်သိမ့်ရမှန်း မသိပါလေစ။ အမှားသည် နန်းဂျွန်လုပ်လိုက်မိသော အရာဖြစ်၍။

"ကိုယ်..."

အွင့်

ထပ်ထွက်လာမည့် စကားသံတွေကို ထယ်ယောင်းမကြားခြင်တော့ပါ။ ခပ်ထူထူနှုတ်ခမ်းတွေမှ ထွက်လာသော အမှန်တရားတွေက ထယ်ယောင်းရင်ကို အစုလိုက်အပြုံလိုက် နာကျင်စေသည်မို့ အနမ်းတွေနဲ့ပိတ်လိုက်မိသည်။

2 YOUNơi câu chuyện tồn tại. Hãy khám phá bây giờ