အပိုင်း ၂၃

266 26 11
                                    

Z&U

ညင်ညင်သာသာနဲ့ လက်တွေဖယ်သွာတဲ့ ဂျောင်ကုကို နန်းဂျွန်ကြည့်နေလိုက်လေသည်။ ဘယ်အတွက်ကြောင့် ကိုယ်လို အိမ်ထောင်သည်ကို အခုလို.....။

တွေးတာပင်မဆုံးလိုက် ဘေးနားကပ်ထိုင်ပြီး ဖုန်းထုပ်ကာကြည့်နေပြန်လေသည်။ တွန်းမထုပ်နိုင်တဲ့ ကိုယ်ကသာ တကယ့်အရူးလို။

"အစ်ကိုသိခြင်လား ကျွန်တော်အစ်ကိုအကြောင်း ဘယ်လောက်သိလည်းဆိုတာ"

ဆံပင်ရှည်ရှည်တွေကို စီးဖို့အတွက် လက်ကသတ်နေသည့်အပြင် ပါးစပ်ကလည်း သရေကွင်းကို ကိုက်ထားသေးသည်။ ခန္ဓာကိုယ်က ကိုယ့်ရင်ခွင်ထဲ ဝင်တော့မတတ် ကိုင်းညွတ်၍...။

"ကိုယ်မသိခြင်ဘူး ကိုယ့်မှာ ထယ်ယောင်းရှိတယ်"

"ကျွန်တော် စိတ်မဝင်စားဘူး"

ဆိုင်သူပိုင်သူရှိကြောင်း ပြတဲ့အချိန်မှာတော့ စကားတစ်ခွန်းနဲ့သာ ဖြတ်ချခံလိုက်ရလေသည်။ ကော့ညွတ်နေတဲ့ ခါးသွယ်သွယ်က ယောင်းလို ဗိုက်ဖောင်းဖောင်းလေးနဲ့ မဟုတ်ခဲ့ဘူး။

ယောင်းငယ်ရဲ့ ဗိုက်သားအချို့ရဲ့ နူးညံ့မှုက ကိုယ်လက်ထဲ ပျော်ဝင်မတတ် ဖြစ်နေပေမဲ့လည်း ဂျောင်ကုကတစ်မျိုးစမ်းသည်။

"ကျွန်တော် စိတ်ဝင်စားတာအစ်ကို"

ခါးတွေကိုသိမ်းဖက်ရင်း ပင်ပန်းမှုမှန်သမျှ ထိုကောင်လေး ပုခုံးပေါ်အံခြမိတော့ လေးညှင်းနံ့တွေက နှာခေါင်းထဲသင်းလာလေသည်။ အနောက်ဖက်က ပန်းအိုးကဖြစ်မည်။

"ကိုယ်က ယောင်းပဲ စိတ်ဝင်စားတယ်"

"အဟက် လိမ်တယ်"

ကိုယ့်ကျောကို ခပ်ဖွဖွပွတ်သပ်နေတဲ့ လက်ချောင်းလေးတွေကနေ ခပ်နွေးနွေး အငွေ့အသက်လို ခံစားရသည်။ ခိုဝင်ဖူးခဲ့တဲ့ ဂျီမင်းရဲ့ရင်ခွင်နဲ့ တစ်ပုံစံထဲ ဘာလို့အဲ့လောက် တူရတာလည်း။

"ကိုယ်မလိမ်ဘူး ကိုယ်စိတ်ဝင်စားတာ ယောင်းပဲရှိတယ်"

"ယောင်းဆိုတော့လည်းယောင်း ဂျောင်ကုဆိုတော့လည်း ဂျောင်ကုပေါ့"

နွေးနွေးထွေးထွေး အထိအတွေ့တွေကြား ယောင်းရဲ့မျက်နှာလှလှကို မြင်ယောင်မိချိန်မှာတော့ ခေါင်းထဲ ဒိန်းခနဲ။ သူဘာတွေလုပ်မိနေတာပါလိမ့်။
တကယ်ပဲ နန်းဂျွန်မှားတော့မလို့။

2 YOUWhere stories live. Discover now