Z&U
"ကိုကို့ကို သားကအမြဲနှောက်ယှက်နေတော့တာပဲ"
"မဟုတ်တာ မင်လေးလည်းတစ်ခုခုစားမလား ကိုယ်ဘာဝယ်ပေးရမလဲ"
"တော်ပါပြီ ဘာမှမစားချင်တော့ဘူး"
ကလေးပိစိကို အောက်ခြပေးတော့ အိပ်ပေါ်တက်ပြေးသွားသည်မို့ နန်းဂျွန်ကလေးဆီက အကြည့်လွဲကာ ဂျောင်ကုကိုကြည့်လိုက်မိသည်။ ခပ်ဖျော့ဖျော့မျက်နှာက အနည်းငယ်မှိုင်းလို့။
"ပြောစရာရှိလို့လား"
နှုတ်ခမ်းဖိကိုက်နေသည်မို့ နန်းဂျွန်မျက်ကွယ်သာ ပြုထားလိုက်လေသည်။ အစထွက်လာတိုင်း နန်းဂျွန်က ပိုနာကျင်ရသည်မို့ စကားတွေအစမထွက်စေဖို့ ဆုတောင်းချင်သည်။
"စာရောက်လာတယ် ကင်ဆော့ဂျင်ဆီက"
နန်းဂျွန်မျက်ခုံးပင့်သွားမိလေသည်။ ဒီကောင်သိတာ စောသားဟုတွေးမိပြီး။ ယောင်းကိုပါတွေးမိသွားသည်။ တစ်ဆက်တည်း မျက်လုံးတွေကပါ နာကျင်လာသည်မို့ ကိုယ့်ကိုကို အပြစ်ဖို့ချင်လာသည်။ ကိုယ်တိုင်က ယောင်းကို စွန့်ပစ်ခဲ့တာလား ယောင်းကကိုယ့်ကို စွန့်ပစ်ခဲ့လားကြားထဲ အဖြေတွေညှိမရသေးခြေ။
"ဘာတဲ့လဲ"
"အဟွန်း! ရယ်ရတယ် ဘာတဲ့ တောင်းပန်ပါတယ် ဆိုပဲ ကျွန်တော်ကအဲ့လောက်လွယ်လား ကိုကို ကျွန်တော် သူ့ကိုအသိအမှတ်မပြုခဲ့ဘူး ပြုလည်းမပြုဘူး သားလေးရဲ့အဖေက ကျွန်တော်တစ်ယောက်ပဲ"
နန်းဂျွန်သက်ပြင်းသာခြလိုက်သည်။ ကင်ဆော့ဂျင်အကြောင်း သူသိသည်။ ဘာလုပ်လုပ်တစ်စွတ်ထိုး လုပ်တတ်သည့်အကျင့်ရှိသူက လိပ်စာသိတာတောင် စာပဲပို့သည်တဲ့။ အဘယ်မျှ နောင်တတွေရနေပါသနည်း။ သကောင့်သား ကျဆုံးခန်းကို တွေချင်မိသား အဟွန်း။ ဒါဆို ကင်နန်းဂျွန်ရဲ့ကျဆုံးခန်းကရော လှလှပပဖြစ်ခဲ့ရဲ့လား။ သေခြာပေါက် နန်းဂျွန်ဟာ ကင်ထယ်ယောင်းခြေရင်းမှာ ဒူးထောက် ကျဆုံးသွားခဲ့ပြီ။
"ကလေးကို မပြောပြတော့ဘူးလား မင်လေး အဖေကကင်ဆော့ဂျင်ဆိုတာကို"
"ကိုကိုကပါ ဒီလိုလုပ်နေရင် ကျွန်တော်မပျော်တော့ဘူး ကျွန်တော်ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူး"