Z&U
ယနေ့
"သားလေးတကယ်ပဲ ဆော့ဂျင်လေးနဲ့ လက်ထပ်ချင်တာလား အဲ့ဒါဆို မားကတရားဝင်လုပ်ပေးမယ်"
"ဟုတ်တယ် ဖေဖေတို့ကအသိသက်သေနေရာထိုးပြီး ကွာရှင်းခွင့်ပါတင်ပေးမယ်သား စိတ်မပူနဲ့ "
"နေပါစေ သား အစ်ကို့ကိုတကယ်ကြီး မကွာရှင်းနိုင်ပါဘူး"
မီးခြစ်ကိုထုတ်ပြီး ကွာရှင်းစာရွက်တွေကို မီးရှို့ကာထယ်ယောင်းလေးကန်စွာပြောတော့ အဖေနဲ့အမေက တစ်အံ့တစ်သြကြည့်နေ၏။ ထယ်ယောင်း သိပ်ပြီးစကားအများကြီး မပြောချင်ပါ။ သားအိမ်ထုတ်ထားတာ တစ်ပတ်လောက်ပင်မရှိသေးသည် မဟုတ်ပါလား။
"မဟုတ်သေးပါဘူး ဒါဆိုဘာလို့နန်းဂျွန်ကို ဒီလိုမျိုးလုပ်ခဲ့တာလဲ အဖေတို့နားမလည်နိုင်တော့ဘူး သားလုပ်ရပ်တွေ မှားယွင်းနေတယ်နော်"
"အစ်ကို့ကို သားကကလေးမွေးမပေးနိုင်ဘူး ပြီးတော့ အဲ့ကလေးက အစ်ကို့ကလေးတဲ့ အင့် ထားပါသားအများကြီး မပြောချင်ဘူး"
ထယ်ယောင်းခေါင်းကိုစောင်းကာ ပြတင်းဝကနေ နေရောင်အချို့ကိုသာကြည့်နေမိသည်။ မျက်ရည်တွေကြောင့် ဝေဝါးလာသော်ငြား သုတ်မပြစ်ခဲ့ပါ။
"ယောင်း နေသာရဲ့လား"
အခန်းထဲဝင်ကာ သစ်သီးခြင်းကိုနေရာခြရင်း အစ်ကိုကခပ်တိုးတိုးဆိုသည်။ ဖြစ်နိုင်ရင်အစ်ကို့ရင်ခွင် ခိုအောင်းကာ ငိုပြစ်လိုက်ချင်ပေမဲ့ ထယ်ယောင်းမလုပ်နိုင်ပါ။ ထယ်ယောင်းအတွက်ပဲကြည့်ပြီး သူများမိသားစုကို ထယ်ယောင်းမခွဲချင်ပါ။ ပြီးတော့ အစ်ကို့အကြောင်း ထယ်ယောင်းအသိဆုံးလေ....။
"နေသာပါတယ် ဒါနဲ့ ခင်ဗျားယောက်ျားနဲ့ကလေးကော မခေါ်ခဲ့ဘူးလား"
"ယောင်း! ကိုယ်ယောင်းကို ကွာရှင်းမပေးဘူး"
အေးစက်စက်အစ်ကိုအသံကြောင့် ထယ်ယောင်းပင့်သက်ရှိုက်မိသည်။ ဘယ်အရာတွေကလည်း စတင်ပြီးမှားယွင်းနေခဲ့သလဲ။ ဂျီမင်းမျက်နှာကို ဒီလက်နဲ့ဖျတ်ဆီးပြစ်ခဲ့တုန်းကလား။
"အစ်ကို့ကို လျို့ဝှက်ချက်တစ်ခုပြောပြမယ် အချိန်တိုင်း အစ်ကိုမသိစေချင်ခဲ့တဲ့ လျှို့ဝှက်ချက် ဒါပေမဲ့ပြောသင့်တယ်ထင်လို့"
![](https://img.wattpad.com/cover/272244097-288-k713845.jpg)