Z&U
ထယ်ယောင်းဆေးနံ့တွေလှိုင်နေတဲ့အခန်းထဲ ထိုင်ရင်းရောက်တတ်ရာရာတွေ တွေးနေမိသည်။ လက်ကောက်ဝတ်က ပတ်တီးကိုတို့ထိကြည့်မိကာ ငိုချင်မိသလိုလို။ သူဒီလောက်ထိ ဒီလိုတွေလုပ်ပြီး ဆွဲထားတာတောင် အစ်ကိုက သူ့အနားရှိမနေခဲ့ပြန်ဘူး။
"ပါခ့်ဂျီမင်း ဒီတစ်ခါ တကယ်ပဲ အနိုင်ပေးလိုက်ရတော့မလား"
ခပ်တိုးတိုးရေရွတ်မှုအဆုံး ပါးပြင်ပေါ် မျက်ရည်တွေ ပေါက်ခနဲကျလာသည်။ တကယ်ပဲ အဲ့ဒီ့ဂျွန်ဂျောင်ကုက ဘယ်အထိဆက်သွားချင်နေလဲမသိပါချေ။ တကယ်ပဲ ဒီလိုဒုက္ခတွေလိုက်ပေးနေမှ ပျော်မှာလား ပါခ်ဂျီမင်းရေ။
ကျွီ
နောက်လှည့်ကြည့်လိုက်တော့ ဆော့ဂျင်ဟျောင်းက ပန်းသီးခြင်းကို စာပွဲခုံပေါ်ခြကာ အချိုသာဆုံးအပြုံးနဲ့ပြုံးပြနေသည်။ အားလုံးကမ္ဘာပျက်နေချိန် ဆော့ဂျင်ဟျောင်းက ပျော်နေတာများ ကြည့်လိုပင်မကောင်းပေ။
"မင်းရဲ့ ချစ်လှစွာသောယောက်ျား ဘယ်မလဲ ဆေးရုံတတ်နေတဲ့ မင်းဆီမရောက်နိုင်အောင်"
"ဟျောင်းက သနားဖို့ကောင်းတယ် ဟျောင်းကျွန်တော့်ကို တကယ်ချစ်လား အခုလက်ထပ်ဆိုလက်ထပ်မလား"
ဆော့ဂျင်တစ်ယောက် မျက်ခုံးတောင်ပင့်သွားလေသည်။ အခုမှ ကင်နန်းဂျွန်ရဲ့အကျင်ပျက်ခြစားမှုတွေကိုမြင်ကာ ထယ်ယောင်းတစ်ယောက် သွေးတတ်သွားသလားမသိပေ။ ကလေးမွေးပေးမလို့ဆိုပြီး အခုတော့ စိတ်ပျက်သွားသည်ထင့်ပါ။
"သားအိမ်ကို ထုတ်လိုက် အဲ့ဒါဆိုလက်ထပ်မယ်"
"အစ်ကိုနဲ့ကွာရှင်းပြီးရင် လက်ထပ်မယ် ဟျောင်းနဲ့ သားအိမ်ကထုတ်ရတော့မှာပဲဟာ ဟျောင်းဒီလောက်တော့ အပြစ်ခံသင့်တယ်မဟုတ်လား"
"မင်းကိုရတာ အပြစ်ဆိုရင် ကိုယ်သေခြာပေါက်ခံလိုက်မယ် အဟွန်း"
မျက်ခုံးကိုပင့်ကာပြောနေသည့် ဆော့ဂျင်ဟျောင်းကြောင့် ထယ်ယောင်း အပြင်ကိုသာငေးလိုက်မိသည်။ အရာအားလုံး အလိမ်အညာတွေမို့ ထယ်ယောင်းက အဲ့ဒီ့အပေါ်ထပ်ပြီး သကာရည်လောင်းလိုက်ရုံပါပဲ။