အပိုင်း ၅

366 42 19
                                    

Z&U

မနက်စောစောရဲ့အေးစိမ့်မှုက ကျောထဲတိုးဝေ့ဝင်ရောက်လာသည်။ သို့သော်ငြား အိပ်ယာဘေးက အနွေးဓာတ်ကတော့ ပျောက်ဆုံးလို့။
သူအများကြီးမတွေးတော့ပဲ အခန်းအပြင်ကိုထွက်ကာ ဂျီမင်းရဲ့ပုံတွေသာတစ်သီးတစ်ခြားထားထားတဲ့ အခန်းနားသွားကြည့်လိုက်မိလေသည်။ အစ်ကိုကတော့ ထိုအခန်းကကုတင်ပေါ်တွင် ပန်းချီဆွဲနေဆဲ...။

သူတို့အိမ်ထောင်ကျပြီးလို့ ၁ နှစ်ပြည့်ပြီးသော်ငြားလည်း အစ်ကိုဟာ ဂျီမင်းကိုအခုထိစိတ်ပြတ်ဟန်မတူပေ။ သူတစ်နှစ်လုံးလုံး အစ်ကို့အနားရှိနေပေးခဲ့သော်ညားလည်း အစ်ကိုကတော့ ဂျီမင်းဆိုတဲ့ပုံရိပ်တစ်ခုသာ မြင်ဟန်တူသည်။

အစ်ကို့ကိုနောက်ခိုင်းကာ ဝရံတာဆီကိုထွက်လာမိသည်။ မပြည့်ဝသေးသောနေ၏ အလင်းသည် ပတ်ဝန်းကျင်ကိုဝေ့ဝါးစေသည်။ ဆိုင်းနေသောမြူတွေကြောင့်လည်း မှုန်မှိုင်းနေတာဖြစ်လိမ့်မည်။ လက်ထဲကစီးကရက်ကို မီးညှိကာ တစ်ဖွာခြင်းဖွာနေမိသည်။ စီးကရက်အငွေ့တွေ ကတော့လေပေါ်မှာပေါ့ပါးကာ လွင့်ပါးသွားလေရဲ့....။
အစ်ကိုကရော သူ့လက်ထဲက ဖမ်းလို့မမိတဲ့ဆေးလိပ် ငွေ့လေးလား...။ အချိန်တိုင်းစွဲလမ်းပြီး မပြတ်နိုင်အောင် ဖြစ်နေသော်ငြားလည်း အခုထိတော့ အပိုင်မရသေး။ အမြဲလိုလို သူ့လက်ထဲက လွတ်ထွက်သွားနေဆဲ..။ ဒါကြောင့်သူ ဂျီမင်းကို မနှစ်သက်တာလွန်လို့လား........။

တစ်ဝက်လောက်ကုန်သွားသော စီးကရက်ကိုခြေမွကာ အမှိုက်ပုံးထဲထည့်လိုက်မိလေသည်။ ပါးစပ်ထဲတွင်တော့ ဆေးလိပ်နံ့ပြောက်တဲ့ ချိုချဉ်ကိုခပ်ဖြည်းဖြည်းစုပ်နေမိ သည်။ ခံတွင်းချဉ်ပေမဲ့ အဆင်ပြေပါတယ်။ အစ်ကိုက ဆေးလိပ်သောက်တာမကြိုက်တော့လည်း သူဆင်ခြင်သင့် သည်မဟုတ်ပါလား..။

"ဂျီမင်း ဂျီမင်း ဟွန့် "

ခပ်ဝေးဝေးကရောင်အနည်းငယ်မျှပြူစပြုနေသည် ဖြစ်သောနေကိုကြည့်ရင်းရေရွတ်မိသည်။ ထိုအမည်နာမနောက် ရယ်သံမှုံမှုံမွှားမွှားက ခပ်ပါးပါးလှိုက်စားသည်။ ကော့ညွှတ်သွားတဲ့အပြုံးတွေ နောက် နာကျင်ခြင်းတွေ အလူးအလိမ့်ခံစားရတာသူပဲ သိလိမ့်မည် မဟုတ်ပါလား...။ ကွယ်ဝှက်ထားတာတွေ မချန်တမ်းထုပ်ပြရမည်ဆိုလျှင် အစ်ကို့အတွက်သူဟာ ညီလေးတစ်ယောက်အပြင်မပို.....။ သူတကယ်မုန်းပါ၏......ပါခ့်ဂျီမင်းကိုလေ။

2 YOUOnde histórias criam vida. Descubra agora