အပိုင်း ၂

659 58 11
                                    

Z&U

ဒီနေ့တစ်နေ့လုံး ယောင်းအပိုင်ပါလို့ပြောမိကတည်းက အပြင်ကိုတတ်ကြွစွာ ထွက်လာသော ယောင်းနောက်ကိုယ့်မှာ ကလေးထိန်းလို့လိုက်ရလေသည်။ မနက်ကတည်းက သွားနေသည်မှာ ယခုညနေစောင်းထိအောင်သွား စရာတွေမကုန်နိုင်သေးခြေ...။

"အစ်ကိုလာ ဒီဆိုင်ကသုံးထပ်သားကင်အရမ်းကောင်းတာ လာသွားစားမယ်"

ကိုယ့်လက်မောင်းကိုပါးနဲ့ကပ်ပြီးမှီကာ ဆိုင်ထဲတစ်လက်မမှ မခွာပဲဆွဲလာသော ယောင်းကြောင့် သက်ပြင်းတော့ရှိုက်မိသား..။ ကိုယ်အခုအတော့်ကို ခြေကုန်လက်ပန်းကြနေခြေပြီ..။ သို့သော်ယောင်းကတော့ လိုအင်ဆန္ဒတွေမပြည့်မြောက်နိုင်သေး...။

"ကိုယ်တော်တော်ပင်ပန်းနေပြီယောင်းရာ အိမ်ပဲပြန်ရအောင်လေကွာ ယောင်းသွားတဲ့နေရာတွေ ကိုယ်မှတ်တောင်မမှတ်နိုင်တော့ဘူး"

"အစ်ကိုသာ ပိတ်ရက်တွေတစ်နေရာစီလိုက်ပို့ပေးရင် ယောင်းအဲ့လောက်အများကြီးသွားမလည်ပါဘူး ဒါပေမဲ့အစ်ကိုနဲ့သွားလည်တဲ့ရက်ဆိုတာရှားတယ်လေ"

မျက်လုံးထဲမျက်ရည်တွေဝေ့ကာ ထိန်းချုပ်ပြောနေသည်မို့ ကိုယ်လည်းစာနာမိသည်။ ယောင်းကဘယ်တုန်းကမှ အတင်းအကျပ်မလွပ်ဖူးခဲ့ပေ။ ယောင်းလိုခြင်တာတွေအတွက် ဤသိုသို့မျက်ရည်လေးပြ၍ ကလေးဆန်စွာတောင်းခံတတ်သည်။ မျက်ရည်တွေကိုမလွန်ဆန်နိုင်သည့် ကိုယ့်မှာလည်း လိုက်လျောရတာအမော...။

"ဟုတ်ပါပြီ ကိုယ့်အမှားပါနော် အခုတော့သုံးထပ်သားကင်စားရအောင် ကိုယ်ပင်ပန်းပြီး ဗိုက်အတော်လေးစာနေပြီ"

"ပအဟီး စားမယ် အဒေါ်ကြီးဒီကိုသုံးထပ်သားခြပေးပါဗျို့ မြန်မြန်ခြပေး"

လိုခြင်တာရတော့ ပြုံးရယ်နေတဲ့မျက်နှာနဲ့ယောင်းက အပျော်တွေလွန်နေပုံ..။ ကိုယ်ကလည်း ထိုအပြုံးတွေကြား လမ်းပြောက်နေရသည်မို့ ငြိမ်၍သာခေါင်းခါနေမိသည်။

"ဟင် ဂျောင်ကုပါလား ဂျောင်ကု"

ကိုယ့်အနောက်ကသူကို လှမ်းနှုတ်ဆက်နေသည်မို့ လှည့်ကြည့်မိတော့ ကောင်လေးတစ်ယောက်...။
Tattoo အပြည့်နဲ့ညာဘက်လက်အပြင် ဂုတ်ထောက်လောက် ဆံပင်ရှည်တွေကို ကပိုကရိုစုစည်း ထား၍ တစ်ကိုယ်လုံနက်ကျောနေသည်မို့ ကိုယ့်စိတ်ထဲ ထိုကောင်လေးဟာ ကလေကချေပုံစံအပြင်အခြားအတွေးမရှိ။ ဒီလူလူမျိုးနဲ့ ယောင်းက အဘယ်သို့တွေ့ကြသနည်း...။

2 YOUWhere stories live. Discover now