အပိုင်း ၎

391 47 29
                                    

Z&U

"ဂျင်းဟျောင်းကိုသွားကြိုမလို့ အစ်ကိုလိုက်ခဲ့မလား"

အပြာရောင် T-shirt ကိုကြယ်သီးတပ်ရင်းလှမ်းပြော နေသည်မို့ စာအုပ်ဖတ်ခြင်းအမှုကို သူခဏတာရပ်လိုက်မိသည်။ ဆော့ဂျင်ဆိုတဲ့အမည်နာမ သူကြားရဖို့ အတော့်ကိုစိတ်ပျက်နေသေးသည်။

"ကိုယ်ဆော့ဂျင်နဲ့ ပြောစရာစကားမရှိဘူး တွေ့စရာအကြောင်းရောပဲ မ ရှိ ဘူး "

မှန်ထဲကနေမြင်နေရသော အစ်ကို့ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်လေသည်။ အစ်ကိုကတကယ်ပဲ သူ့ကိုဂျင်းဟျောင်းနဲ့တောင် သဝန်မတိုတော့ဘူးလား။

"ဘာပဲဖစ်ဖြစ် သူငယ်ချင်းတွေပဲလေ"

ကိုယ့်ဆီလျှောက်လာပြီး ကိုယ့်လက်ထဲကစာအုပ်ကိုဖယ်ကာ ပေါင်ပေါ်ထိုင်ပြီး ရင်ခွင်ထဲဝင်နေသည့်ယောင်း ပခုံးကိုမချင့်မရဲ ဖြစ်ညစ်မိသည်။

"ကိုယ်မသတ်မှတ်ထားဘူးလေ ထားပါယောင်းသွားကြိုခြင်ရင်ကြိုပါ ကိုယ်ကတော့ ရုံးကိုပဲသွားမယ်"

"ဟုတ်ပါပြီ ဒါဆိုလည်းယောင်းသွားတော့မယ်"

ဘောက်ဆတ်ဆတ်နဲ့ထွက်သွားတဲ့ယောင်းကို ခားသိမ်သိမ်ကနေဆွဲပြီး ပါးပြင်ခပ်ဖွဖွနမ်းတော့ ဖြန်းခနဲရဲတတ်လာတဲ့ ပါးကြောင့် အူလှိုက်သဲလှိုက်ရယ်မိသေးသည်။

"ယောင်းက ရှက်နေတာလား"

"တော်ပါ သွားပြီ"

အစ်ကို့ရင်ခွင်ထဲကရုန်းထွက်ခါ အပြင်ကိုအမြန်ထွက်လာမိလေသည်။ ရင်တွေခုန်ရလွန်းလို့ ပေါက်ထွက်တော့မယ့်အတိုင်းပဲ။



-----

"ဂျင်းဟျောင်းဘာကိစ္စရှိလို့ ပြန်လာရတာလည်း"

အနည်းငယ်အသက်အရွယ်ရလာတဲ့ ဂျင်းဟျောင်းက အခုတော့တော်တော်လေးပိုကြည့်ကောင်းလာလေသည်။
သို့သော်ငြားခံစားချက်တွေကတော့ အရင်အတိုင်း ရေပြင်လိုငြိမ်နေဆဲ....။

"လက်ထပ်မလို့ ပြန်လာတာ"

"အော်...."

၁ နှစ်လောက်ကြာမှ ပြန်တွေရသည်မို့ အခြေအနေက နှစ်ယောက်ကြား အေးစက်လို့..။ ဘယ်သူကမှစမပြောပဲ ခပ်ဝေးဝေးကိုသာ အကြည့်ပို့နေမိကြလေသည်။

2 YOUWhere stories live. Discover now