Z&U
နနးဂျွန်တစ်ယောက် အနီးနားကရေခဲမုန့်ဆိုင်ကို ကလေးခေါ်ကာသွားလိုက်လေသည်။ ထိုပေါက်စနလေးကတော့ နန်းဂျွန်ကိုသေခြာကြည့်ပြီး ပါးတွေကိုလိုက်ထိုးနေလေရဲ့။
"သားသားကဘာလို့ ဦးပါးကိုလိုက်ထိုးနေတာလည်း ဟင်"
"အော် ပါးချိုင့်ရှာနေတာ သားမှာလည်းရှိတယ်တွေ့လား သေးသေးလေး"
နှုတ်ခမ်းလေးကိုကိုက်ကာ ပါးချိုင့်ဖော်နေသည်မို့ ပါးချိုင့်ပိစိလေးက ပါးပြင်ပေါ်ကနေထွက်ပေါ်လာသည်။ အသားကလည်းဖြူ ပါးဆုန့်ကြီးတွေကလည်း ဖောင်းဖောင်းအိအိလေးမို့ တကယ့်ကိုချစ်စရာလေးရယ်။
ဒါ့ပြင်ပါးချိုင့်တွေကို ဖိဖော်နေသည်မို့ ပါးတွေကပိုဖောင်းနေလေသည်။"သားသားကချစ်စရာလေးကွာ ကြီးလာရင်တကယ်ချောမှာ"
"ဟီးဟီး သားသားမျက်လုံးနဲ့ ဦးဦးမျက်လုံးနဲ့တူတယ် နှာခေါင်းကောနှုတ်ခမ်းကော ကြီးလာရင်းဦးဦးလိုချောမှာ"
ကလေးကတကယ့်အတတ်လေး။ နန်းဂျွန်မျက်နှာကို တစ်စိမ့်စိမ့်ကြည့်နေတာ တစ်ခြားမဟုတ် တူလွန်းလို့လိုက်ကြည့်နေတဲ့ပုံနဲ့ တကယ့်ကိုအလည်လေးပါ။
"ဟုတ်တယ် သားသားကအရမ်းချောမှာ ခ်ခ်"
စကားပြောရင်းလမ်းလျှောက်တော့ သိပ်တောင်မကြာ ဆိုင်ကိုရောက်လာလေသည်။ ဆိုင်ရှေ့ရောက်တော့ ဒင်းလေးက ကိုယ်ပေါ်ကနေဆင်းကာ ရေခဲ့မုန့်ဆိုင်က လူကြီးကိုတစ်တွတ်တွတ်မှာနေလေရဲ့။
"ချောကလက်ရေခဲမုန့် တစ်ဗူးပေးပါ များများလေးပေးပါ"
ပါကင်ထုပ်ပြီးသားမဟုတ်၍ ဆိုင်ရှင်ကဗူးထဲကို ရေခဲမုန့်တွေထည့်နေလေသည်။ စောင့်နေရတဲ့ခဏတာကို ဆယ်ဘဝစောင့်ရသည့်အလား လျှာထွက်ကာ မောပန်းနေသေား ပေါက်စန်ကြောင့် ကိုယ့်မှာရယ်ရတာအမောရယ်။
"ရပါပြီဗျ ကလေးလေးကချစ်ဖို့ကောင်းလို့ ပိုပေးထားပါတယ်နော်"
"ကျေးဇူးတင်ပါတယ် ဗျ"
လိမ္မာယဉ်ကျေးတဲ့ ကလေးလေးက ဗျခြင်းထပ်အောင်ပြောနေတော့ ပါးအိအိကိုမွကနဲနမ်း လိုက်လေသည်။