အပိုင်း ၁၁

257 30 15
                                    

Z&U

ဂျောင်ကုအမဲသားကို ဓားနဲ့ခပ်ပါးပါးဖြတ်စားနေရင်း စကားသံတွေနားစွင့်နေမိလေသည်။ ကင်ထယ်ယောင်းခမျာမှာတော့ ကင်ဆော့ဂျင်နဲ့သူ့ကို အတင်းလှော်ပေးနေလေရဲ့။ သူနဲ့ မျက်စောင်းထိုးက ကင်နန်းဂျွန်ကတော့ ခပ်အေးအေး ဘေးကလူကိုရှိတယ် လို့မထင်သလို ဂရုစိုက်မနေပါခြေ။

သို့သော်ငြား ရိပ်ခနဲရောက်ရှိလာတဲ့ ထိုမျက်ဝန်း ညို့ညို့တွေကိုတော့ ခဏတာဖမ်းမိလိုက်ပါရဲ့လေ။ ဂျောင်ကုရဲ့နှုတ်ခမ်း ခပ်ပါးပါးမှာ အပြုံးပါးပါးက လှိုက်စားနေလေသည်။

"ကင်ထယ်ယောင်းရှီး လက်ထပ်ခြင်းဆိုတာ ဘယ်လိုမျိုးခံယူထားလည်း ထယ်ယောင်းကအိမ်ထောင်သည်ဆိုတော့လေ ပြီးတော့ CEO ကင်နဲ့ကျွန်တော်က မိဘတွေကစီစဉ်ပေးတာလေ ချစ်တာတွေမေတ္တာတွေက မရှိသေးဘူးဆိုတော့ အိမ်ထောင်ရေးက အဆင်ပြေနိုင်ပါ့မလား"

ဂျောင်ကုက ဖျော်ရည်ကိုသောက်ရင်း မေးတော့ ထယ်ယောင်း မျက်နှာကတည်လာလေသည်။ ဒေါသအနည်းငယ်ထွက်သွားပေမဲ့လည်း ဒါဂျောင်ကုတကယ် သိခြင်နေလို့နေမှာပါဟု ဖြည့်တွေးလိုက်လေသည်။

"အိမ်ထောင်ရေးမှာအချစ်မပါလို့ အဆင်ပြေပါ့မလားဆိုတော့ ယတိပြတ်ကြီးတော့ ပြောမရဘူးပေါ့ တစ်ချို့လည်း နောက်ပိုင်းချစ်သွားကြတယ် ဒါပေမဲ့ ယောင်းအမြင်ကတော့ အရင်ဆုံးချစ်အောင်ကြိုးစားကြည့်ပါဦး"

"ချစ်အောင်ကြိုးစားကြည့်ရမယ်..."

ထယ်ယောင်းရဲ့စကားကို ဂျောင်ကုကသံယောင်လိုက်ပြောပြီး မျက်လုံးတွေက ခပ်လှမ်းလှမ်းက နန်းဂျွန်ဆီ ရွေ့သွားသည်မို့ ထယ်ယောင်းခရင်းကို တင်းကျပ်စွာဆုပ်ကိုင်မိသည်။
ဖြေလိုက်မိတဲ့ ထယ်ယောင်းကိုယ်တိုင်ကိုက မှားတာ..။

"ဂျောင်ကုက အိမ်ထောင်ရေးကိုသိပ်စိတ်ဝင်စား နေသလိုပဲ"

ကင်ဆော့ဂျင်က တစ်ရှူးကိုထုပ်ပေးရင်း ခပ်ပြုံးပြုံးမေးလေသည်။ ဒီလိုလုပ်ပေးနေတာက တာဝန်အရခပ်ပေါ့ပေါ့မို့ ဂျောင်ကုလည်း အားနာမနေပေ။ တစ်ရှူးကိုယူကာ နှုတ်ခမ်းနားတစ်ဝိုက်ကို သုတ်လိုက်လေသည်။

2 YOUWhere stories live. Discover now