အပိုင်း ၃

479 48 14
                                    

Z&U

"ဟာ ဟိုဆော့ဟျောင်းပါလား ဘယ်ကဘယ်လိုမျက်စိလည် လမ်းမှားလာတာလည်း"

ဟိုဆော့ဟျောင်းက ခပ်ဖျော့ဖျော့ရယ်ကာ ဆိုဖာပေါ်ဝင်ထိုင်လေသည်။ မျက်နှာမှာအမြဲလိုလို လင်းလက်တောက်ပနေသောအပြုံးများက ယဲ့ယဲ့လေးသာ ဆင်မြန်းထားသည်။ တစ်ခုခုတော့ ဖြစ်နေပြီ....။

"အင်း ဒီလိုပါပဲ မင်္ဂလာဝတ်စုံလာအပ်တာ ဟူး.."

မင်္ဂလာဝတ်စုံလာအပ်သည်လည်းပြောသေး ဟူးခနဲသက်ပြင်းခြကာ ခြေပစ်လက်ပစ်မှီလဲကာထိုင်နေ သောကြောင့် ယောင်းလည်းခေါင်းရှုတ်လာရလေသည်။
ဒီပုံဆိုဟိုဆော့ဟျောင်း သူ့ကောင်လေးနဲ့ ပြဿနာတတ်ခဲ့တာပဲဖြစ်လိမ့်မည်။

"မင်္ဂလာဝတ်စုံလာအပ်တာလည်းပြောသေးတယ် သက်ပြင်းတစ်ခြခြနဲ့ ပြဿနာတတ်လာတယ်ထင်တယ်"

"အင်း ယွန်းပေါ့မင်္ဂလာဝတ်စုံကိုအနက်ရောင် ဝတ်ခြင်တယ်တဲ့လေ အဖြူရောင်လေးလှပါတယ်ဆိုတာ ကို ဘယ်လိုမှပြောမရဘူး မင်္ဂလာဆောင်ပါတယ်ဆို အသုဘသွားတာမှမဟုတ်တာ နက်ကျောနေရအောင် ကျစ်"

"အော် ဘာများလည်းလို့ဟျောင်းရယ် မင်္ဂလာဝတ်စုံပဲ ဒီလိုဆိုယောင်းအဆင်ပြေအောင်လုပ်ပေးပါ့မယ် အနက်ရောအဖြူရော ပေါင်းစပ်ပြီး ယွန်းကော ဟျောင်းကောကြိုက်တာမျိုး ယောင်းစီစဉ်ပေးရမယ်"

ထိုကြမှ အပြုံးတွေတွေပေါပေါသောသောပြန်ပေးလာလေ သည်။
ယောင်းမှာလည်း အခုမှပဲစိတ်အေးချမ်းသွားရတော့လေ သည်။

"တော်သေးတာပေါ့ ယောင်းရာ ကျေးဇူးပါ မင်္ဂလာဖိတ်စာကတော့ နောက်နေ့မှရမှာမို့ ရတဲ့နေ့လာပြီး ပို့လှည့်မယ် အခုအစည်းအဝေးရှိလို့..
ယွန်းကဘယ်သူနဲ့ စကားပြောလာတာပါလိမ့်"

ဖိတ်စာအကြောင်းပြောရင်း ပြုံးရွှင်နေသော ဟျောင်းမျက်နှာမှာ မျက်မှောင်ကျုံ၍အလိုမကျမှုကိုပြော ကာ တစ်စိုက်မတ်မတ်ကြည့်နေသည်မို့ ဟျောင်းကြည့်ရာလိုက်ကြည့်မိတော့ ဂျောင်ကုနဲ့​ဟျောင်းကောင်လေးမင်ယွန်းဂိက ဖက်လှဲတစ်ကင်းဖြင့် ဆိုင်ထဲကိုဝင်လာလေသည်။ ဟျောင်းကတော့ မျက်နှာတွေနီကာ အလွန်အမင်းဒေါသတွေထွက်နေလေ သည်။

2 YOUTempat cerita menjadi hidup. Temukan sekarang