I(jimin)

175 20 6
                                    

Z&U

"အဲ့လိုဆိုတော့ တွဲကြတာပေါ့"

ထိုနေ့ကအဖြေက ဂျီမင်းရင်ကို တစ်ဒိတ်ဒိတ်ခုန်စေခဲ့လေသည်။ တွဲနေကြပြီ ဆိုသောအသိအပြင် ချစ်သူရီးစားတွေလိုပါ ဂျီမင်းနှုတ်ခမ်းတွေကို စားသုံးသွားသည်မို့ တွေးမိတိုင်းရင်တစ်လှပ်လှပ်ရယ်။

ကျောင်းတတ်သည့်နေ့ လာကြိုမယ်ဟူသောအပြောကြောင့် ဂျီမင်းမှာကိုကို့ကို မစောင့်တော့ပဲ ရပ်ကွက်ထိပ်ကို အပြေးလေးလာနေလိုက်လေသည်။ သို့သော်ငြား ဆော့ဂျင်ဟျောင်းက ရောက်မလာခဲ့ခြေ။ အလုပ်မအားခဲ့ဘူးဟု တွေးခဲ့သော်ငြား ဂျီမင်းကိုဖုန်းလေးတစ် call ခေါ်ဖို့တောင် မအားနိုင်တော့ဘူးလားလေ။

ဆော့ဂျင်ဟျောင်းနဲ့ တွဲရင်းသိလာရတာက ဆော့ဂျင်ဟျောင်းက ဂျီမင်းကို ဒီတိုင်းတွဲတယ်လို့အမည်ခံရုံသာ။ ထို့အပြင် ဆော့ဂျင်ဟျောင်းမှာ ဂျီမင်းလိုတွဲနေတဲ့ မိန်းကလေးတွေကော ယောက်ျားလေးတွေကော အများကြီးရှိလေသည်။ ထို့အပြင် ဆော့ဂျင်ဟျောင်းက ထိုအထဲက ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ပါခြေ။ ဒီတိုင်းပျင်းလို့ ခေါင်းငြိမ့်လိုက်ရုံပါပဲ......။

"ဟျောင်း မင့်ကိုမချစ်ဖူးလား ချစ်လား"

"မင်ကလဲ လာပါအရေးမကြီးတာတွေ လျှောက်မေးမနေနဲ့ ဒီနေ့ဟျောင်းတို့ သွားရအောင်"

မေတ္တာပေးလို့ မေတ္တာပြန်မရနိုင်တာကြောင့် ဂျီမင်းရင်တွေ အစိတ်စိတ်အမွှာမွှာကြေကွဲရလေသည်။ ဟျောင်းကဂျီမင်းအပေါ် ဒီတိုင်း ပါတနာသက်သက်ပဲ စိတ်ထားလားမသိ။ တစ်ခါလာလည်း ဟိုတယ်ကိုပဲ အပါခေါ်နေမြဲ။ ဂျီမင်းက မလိုက်လို့သာ။

"ဘယ်ဟာက အရေးမကြီးတာလဲ ဟျောင်းပြော မင့်ကိုမချစ်နိုင်ရင် ဘာလို့မငြင်းရတာလဲ မင့်ကိုဘာလို့ ဒုက္ခတွေအခုလိုပေးနေရတာလဲ မင်ကတော့ ပထမဆုံးတွေကို ဟျောင်းအတွက်ပုံအောပေးချင်ခဲ့တာတောင် ဟျောင်းက ဘာလို့ ဘာလို့!"

"အခုမင်ကပြတ်ခြင်နေပြီလား"

ခပ်ထူထူနှုတ်ခမ်းပါတွေက ဆွဲဆောင်မှုရှိရှိပြောတဲ့စကား ကဂျီမင်းကို ရင်နာစေသည်။ ဘယ်လောက်ပဲနာကျင်နေပါစေ ထိုလူ့ကိုချစ်နေတုန်းပဲ ရူးလိုက်တာပါခ့်ဂျီမင်းရယ်.....။

2 YOUحيث تعيش القصص. اكتشف الآن