Z&U
"နန်းဂျွန်လည်း တို့ဘက်ကိုငယ်လေးလာမှပဲ ပေါက်ခြလာတော့တယ် ဒါနဲ့စီးပွားရေးလုပ်ငန်းတွေရော အဆင်ပြေရဲ့လား မင်းဦးကမင်းကိုမေးရှာပါတယ်"
ရောက်ရောက်ခြင်း စောက်နဲ့ထွင်းဆိုသလို ယောင်းငယ်ရဲ့အန်တီ နှုတ်ခွန်းဆက်စကားက သူ့အတွက်တော့ နားခါဖွယ်တစ်ခုအပြင်မပိုပေ။ အားနည်းတဲ့သူကို နိုင်းစားတတ်တဲ့ ယောင်းငယ်တို့မိသားစုကြား ကိုယ်ကသိုးငယ်လေးပမာသာ။ ကိုယ်ဘယ်လောက်ပဲ ချမ်းသာနေပါစေ အရင်ကကြမ်းကြားက ကောက်စရာမရှိတဲ့ဘဝကို အမြဲလိုလိုနှိမ်စရာလို့ မြင်နေသူအဖို့ကတော့ နှိမ်စရာပင်ဖြစ်မည်။
"အဆင်ပြေပါတယ် အန်တီမေရာအားလုံးအဆင်ပြေပါတယ် စိတ်ပူစရာရယ်လို့တော့ မရှိပါဘူး"
"အစ်ကိုကအရမ်းတော်တာ အန်တီရဲ့ အခုအစ်ကို့ကုမ္ပဏီက ကိုရီးယာနိုင်ငံရဲ့နံပါတ်တွေထဲက 1 to 10 ထဲကိုဝင်နိုင်နေပြီလေ"
ယောင်းငယ်က ကိုယ့်လက်ကိုချိတ်ကာ ရယ်မောပြောနေလေသည်။ လေးထောင့်ဆန်ဆန်အပြုံးတွေကြောင့် ပါးဖောင်းဖောင်းလေးကို ကိုင်ခြင်သော်ငြားလည်း လူကြီးတွေရှေ့မို့ အိနြေ္ဒသိက္ခာဆည်လိုက်ရလေသည်။
"အင်း 1 to 10 တော့လည်း 10 ပေါ့ ဆော့ဂျင်ကုမ္ပဏီက အခုအမေရိကားမှာတောင် အောင်မြင်နေပြီတဲ့ အင်းပေါ့ နန်းဂျွန်နဲ့ဆော့ဂျင်က ဘဝခြင်းမတူတော့လည်း လုပ်နိုင်တာခြင်းကွာတာပေါ့"
အန်တီရဲ့စကားကြောင့် မေးကျောတွေတင်းခနဲဖစ်သွားတဲ့ အစ်ကို့မျက်နှာကိုမြင်လိုက်ရလေသည်။ သူ့အစ်ကို့လက်ကို ဖိကိုင်တော့ အစ်ကိုကပြန်ကာ ပြုံးကြည့်နေလေသည်။ အဆင်ပြေပါသည် ဆိုတဲ့သဘောနဲ့ သူ့လက်တွေကိုအစ်ကိုက ပုတ်ပေးနေလေသည်။
"ဟုတ်တယ်အန်တီရဲ့ ဆော့ဂျင်က မွေးကတည်းက ချမ်းသာလာတာဆိုတော့ အထောက်အပံ့ကောင်းရှိတယ်လေ ကျွန်တော်က.."
"အမလေးနန်းဂျွန်ရယ် မင်းမှာလည်း ငါတို့ရှိပါတယ်နော် မင်းကိုယ်တိုင်ကိုက..... ဟင်း ထားပါတော့ တစ်ခါတစ်လေလာတာ စကားပြိုင်ငြင်းမနေခြင်တော့ဘူး"