အပိုင်း ၁၆

225 34 10
                                    

Z&U

အစ်ကိုကအိမ်မှာနေဆိုသော်ငြား ဒီနေ့စက်ရုံကနေ ပစ္စည်းတွေ လက်ခံရမည်ဆိုသော၍ ထွက်လာလိုက်လေသည်။ ဆိုင်ကကောင်မလေးတွေက သူတောင်မရောက်သေး စက်ရုံပစ္စည်းတွေ တင်ခြကာစာရင်းတောင် လုပ်နေခြေပြီ။

"ထယ်ယောင်း ဒီနေ့ဝန်ကြီးကတော်ကအင်္ကျီလာယူမှာနော် ဒါမှမဟုတ်သွားပို့ရမှာလား"

"အန်တီမေရာအတွက်မလား နူးနား ထားလိုက်ပါယောင်းပါသာပဲ သွားပို့လိုက်မယ်"

နူးနားကခေါင်းကိုငြိမ့်ကာ စာရင်းတွေဆက်လုပ်နေလေသည်။ သူလည်း သက်ပြင်းသာထိုင်ခြနေလိုက်လေသည်။ အစ်ကိုကအန်တီမေရာတို့နဲ့ ပက်သက်တာသိပ်သဘောမကျပေ။ နိုင်ငံရေးနဲ့ စည်းပွားရေးလမ်းမတူဘူးဆိုပြီး အမြဲလိုလိုကာဆီးကာဆီး လုပ်သော်ငြား ကိုယ့်ရဲ့အဒေါ်အရင်းလေ ဘယ်လိုမျက်ကွယ်ပြုနိုင်မလဲ။


တတ်စီငှါးကာ အန်တီမေရာ အိမ်ကိုလာလိုက်လေသည်။ အန်တီနဲ့ မတွေ့တာလည်း တစ်လလောက်ရှိလေပြီ။ အင်္ကျီအပ်တုန်းကလည်း ဖုန်းနဲ့ပဲအပ်တာမို့ လူခြင်းမတွေ့လိုက်ရပေ။

"ဆော့ဂျင်ရယ် မင်းကတော့တကယ် ရယ်စရာပြောတတ်တယ် အခုကောအဲ့ဒီ့ဘက်ကအဆင်ပြေနေတယ် မဟုတ်လား"

"အဆင်ပြေပါတယ် အန်တီမေရာ အန်တီတို့ရဲ့ကူညီမှုတွေရှိတော့ ချောချောချုချု အဆင်ပြေတာပေါ့ဗျ"

အိမ်ထဲကအသံတွေကြောင့် ခေါင်းတွေသာခါလိုက်လေသည်။ ဒီလူနဲ့တွေ့ခြင်စိတ် ရှိမနေပါခြေ။ သို့သော်ငြား အန်တီ့အိမ်ရောက်ပြီး မဝင်ပဲနေရင်လည်း မကောင်းသည်မို့ ဝင်ရပြန်သည်။

"အန်တီ ယောင်းအင်္ကျီလာပို့တာ"

"ငယ်လေးလာလာ အန်တီကငယ်လေးဆိုင် လာအုံးမလို့ပဲ ငယ်လေးရဲ့ဦးလေးပေါ့ သူ့ကိစ္စတွေကရှုတ်ယှတ်ခတ်နေတာလေ သိတယ်မလား"

အန်တီက သူ့ကိုဆွဲကာ အားတတ်သရောပြောနေသည်မို့ သူပြုံးသာပြုံးနေရသော်ငြား ရှေ့ကကင်ဆော့ဂျင်ကြောင့် အဆင်မပြေ။ သူ့ကိုကြည့်နေသည်မှာများ တစ်ချက်လေးမှ ရွေ့မသွားပေ။ ဒါဟာလင်ရှိယောက်ျားတစ်ယောက်ကို အကြည့်နဲ့စော်ကားတာနဲ့ အတူတူပဲမို့ ယောင်းဒေါသထွက်လွန်းလို့ သွေးပါအန်ခြင်လာလေသည်။ စိတ်ပျက်ဖို့ကောင်းလိုက်တာများ တကယ့်ကိုပဲ။

2 YOUWhere stories live. Discover now