Z&U
ဒီနေ့တော့ ဆိုင်လည်းသွားခြင်စိတ်မရှိတာနဲ့ အစ်ကို့ကုမ္ပဏီကိုသာ လှမ်းလာလိုက်လေသည်။
ပိုင်ဆိုင်ခြင်း ပြခြင်လို့ဆိုရင်လည်းမှန်မယ်။ တစ်ခါတစ်လေ သူတို့မျှော်လင့်နေတဲ့သူရဲ့ ဆိုင်သူက ဤသို့သောသူမျိုးပါလားလို့ သိသွားရင်ပဲ ကျေနပ်လှပြီ။"ဟို ဥက္ကဌကြီးခွင့်ပြုချက်မရှိဘဲ ဝင်လို့လုံးဝမရပါဘူးရှင့်"
အပေါက်ဝတွင်ပိတ်ရပ်နေသော ထိုကောင်မလေး စကားတွေကိုမကြား ထိုကောင်မလေးရဲ့ မျက်နှာကိုသာ တုန်လှုပ်ခြောက်ခြားစွာကြည့်နေမိလေသည်။ တူလွန်းတယ် တအားကိုတူလွန်းတယ်။ ထူထူထဲထဲနဲ့ ဖူရဲနေတဲ့နှုတ်ခမ်းတွေ အရပ်ပုပုလေးနဲ့ စွာတဲ့ပုံစံတွေကြောင့် အသက်ရှူပင်မှားရလေသည်။
"မင်းကဘယ်သူမို့လည်း"
"ကျွန်မက.."
"အာမင်္ဂလာပါ ထယ်ယောင်းရှီး ဆွန်းအာ အဲ့ဒါဥက္ကဋ္ဌရဲ့အမျိုးသား ကင်ထယ်ယောင်းလေ ဖယ်ပေးလိုက်"
ကုမ္ပဏီကိုဝင်တာ အတော်လေးကြာနေပြီဖြစ်တဲ့ အတွင်းရေးမှူးက ဝင်ကာပြောမှ သူသက်ပြင်းချလိုက်ရလေသည်။ သို့သော်သူအဆင်တော့ ပြေမနေပါ။ ဘာလို့ ပါခ့်ဂျီမင်းနဲ့ အဲ့လောက်တူနေရတာလည်း ဆိုတဲ့စိတ်က သူ့နှလုံးကို ထိုးစွနေလေသည်။
ထယ်ယောင်းခေါင်းအသာငြိမ့်ပြကာ အခန်းထဲဝင်တော့ အစ်ကိုကမော့ကြည့်ပြီး ပြုံးပြကာ သူ့အလုပ်တွေပြန်လုပ်နေလေသည်။ ထယ်ယောင်းမှာသာ စိတ်ထဲတစ်နှုတ်နှုတ် ဘယ်လိုခံရခက်မှန်းပင်မသိပါခြေ။
"အစ်ကို အတွင်းရေးမှူးအသစ်ခန့်ထားတာလား"
"ဟုတ်တယ် အသစ်ထပ်ခန့်ထားတာ ကိုယ်ကလည်း တစ်ချို့တစ်ဝက်တာဝန်ပေးလို့ရအောင်လို့လေ"
"အော်"
အစ်ကို့ကိုအလုပ်မရှုတ်ခြင်တော့ပဲ ရေခဲသေတ္တာထဲက စတော်ဘယ်ရီအချို့ကိုသာ ဖျော်စက်ထဲထည့်ကာ ဖျော်နေလိုက်လေသည်။ စိတ်ထဲမှာတော့ ကယောက်ကယက်။ အစ်ကိုက အဲ့တစ်ယောက်ကိုများ ပုံအောကာ ချစ်သွားမလားဆိုတဲ့စိတ်က သူ့အတွက် အစိုးဝါးဆုံးဖြစ်လေသည်။