Z&U
"ဂျီမင်း! ဘယ်သူလုပ်တာလဲ ပြောစမ်းကိုကိုသွားသတ်မယ် ဘယ်လိုကောင်က မင့်ကိုလုပ်ရက်တာလဲကွာ!"
ငိုသံပါကြီးနဲ့ပြောနေတဲ့ ကိုကို့ကိုဂျီမင်းအားနာသည်။ ငယ်ငယ်ကနေစောင့်ရှောက်ပြီး အများကြီးချစ်ပေးခဲ့တဲ့ကိုကို၊ ဂျီမင်းကလွဲပြီး တစ်ခြားအရာတွေ ခေါင်းထဲမထည့်ခဲ့တဲ့ ကိုကိုက ဂျီမင်းကြောင့်နဲ့ပဲ အများကြီးခံစားနေရပြီ။
"ဒီတိုင်း ဘယ်သူတွေလည်းမသိပါဘူး လမ်းမှာလိုက်နှောက်ယှက်လို့ မင်ကပြန်ရိုက်ရင်း ရလာခဲ့တာ"
"တောက်! ငါ့ကွာ! အားလုံး ကိုကို့အမှားတွေ ကိုကိုရှိမနေပေးခဲ့လို့ ကိုကိုရှိမနေပေးခဲ့လို့ပါ မင်လေးရာ ကိုကို့ကြောင့်!"
မျက်ရည်တွေတောက်တောက်ကျကာ ဂျီမင်းမျက်နှာက ပတ်တီးစီးထားတဲ့ ဒဏ်ရာကို မထိရဲထိရဲ့ထိကြည့်နေသည့် ကိုကိုက ဂျီမင်းမျက်လုံးထဲ တကယ့်အားကိုးရာလိုလို...။ ဂျီမင်းဘက် ဘယ်သူမှမရှိရင်တောင် ကိုကိုရှိနေတာမို့ ဂျီမင်းဝမ်းသာမိလေသည်။
"ကို့ကို့ကြောင့်မဟုတ်ပါဘူး လျှောက်မတွေးပါနဲ့ ဒါကဒီတိုင်း ဒဏ်ရာသက်သက်ပဲ ဘာမှမဖြစ်ဘူး"
ငိုနေတဲ့ကိုကို့ကို ရင်ခွင်ထဲထည့်ဖက်ပြီး နှစ်သိမ့်တော့ ကိုကို့မျက်ရည်တွေက ဂျီမင်းအင်္ကျီရင်ဘတ်မှာ ကပ်ငြိလို့။ မငိုပါနဲ့ကိုကိုရယ် ဂျီမင်းအတွက်နဲ့တော့ ဂျီမင်းကိုချစ်တဲ့ကိုကို့ကို နောက်ထပ်မငိုစေခြင်တော့ဘူး တကယ်။
"ကိုကိုက ကာကွယ်ပေးမယ်ပြောပြီး "
စကားကိုရှေ့မဆက်နိုင်ပဲ ဒူးထောက်ကျကာ ဂျီမင်းပေါင်ပေါ်မျက်နှာအပ် ငိုနေသည်မို့ ကိုကို့ကိုဂျီမင်း ကျစ်နေအောင် ဖက်ထားလိုက်လေသည်။
"ကိုကိုက မင့်ကိုအမြဲကာကွယ်ပေးခဲ့တာပဲလေ အများကြီးစိတ်မပင်ပန်းပါနဲ့တော့"
မျက်ရည်တွေနဲ့ကိုကို့ကို ဂျီမင်းမမြင်ဖူးတာမို့ ရင်ထဲနာနေသလိုခံစားရလေသည်။ ကိုယ့်အပေါ်ကောင်းတဲ့သူကို ပစ်ထားပြီး ကိုယ့်အပေါ်မကောင်းတဲ့သူကိုကျ အသဲနင့်အောင် ချစ်ခဲ့မိတဲ့ ဂျီမင်းရဲ့အပြစ်တွေပင်။