Z&U
ဂျီမင်းတစ်ယောက် ထယ်ယောင်းနဲ့ ဖုန်းပြောအပြီး ကို့ကို့အခန်းရှေ့ ယောင်လည်ယောင်လည် လုပ်နေမိသည်။ ဒီနေ့တော့ သေခြာပေါက် သူတို့နှစ်ယောက် အစီအစဉ်လေး အောင်မြင်လိုက်စမ်းပါ ဘုရားသခင်ရယ်။
"မင်လေး ကိုကို့အခန်းရှေ့ ယောင်လည်ယောင်လည်နဲ့ ဘာတောင်းစရာရှိလို့လဲ"
"ဟုတ်ပါဝူး"
နှုတ်ခမ်းဆူထော်ပြီး ပြောနေတဲ့ ဂျီမင်းကို နန်းဂျွန်ချစ်စနိုးဖြင့် ပါးလေးဆွဲဖဲ့လိုက်လေသည်။ ဒီချစ်ဖို့ကောင်းတဲ့ ဘဲပေါက်စလေးကို နန်းဂျွန်အသဲယားလွန်းလို့ ဘယ်လိုလုပ်ရပါလိမ့်။
"ဒါဆိုဘာလို့လဲ"
"ထယ်ယောင်းနဲ့ ဒီနေ့အပြင်လိုက်ပေးမယ်လို့ ကတိပေးထားပေမဲ့လေ မင်လေးကဒီနေ့ မိဘမဲ့ဂေဟာသွားခြင်လို့..."
နှတ်ခမ်းကိုဆူထော်ပြီး ကိုကို့လက်မောင်းလုံးကို ဖက်ကာချွဲတော့ ကိုကိုကပါးချိုင့်တွေ ပေါ်လာသည်ထိ ရယ်မောနေလေသည်။ ကိုကိုက ဂျီမင်းချွဲရင် မနေနိုင်ဘူးဆိုတာ ဂျီမင်းသိတာပေါ့။
"အဲ့ဒါလေကိုကို ထယ်ယောင်းနဲ့လည်ပေးလိုက်ပါလားဟင် ထယ်ယောင်းက စိတ်ကောက်နေပြီ အာ့နဲ့မင်လေးလည်း ကိုကို့ကိုလွတ်လိုက်မယ်လို့ ပြောထားတယ် သွားပေးပါလားဟင် ကိုကို"
မထွက်တဲ့ မျက်ရည်တွေကို ဖျစ်ညစ်ထုပ်ကာ ဝဲတဲဝဲတဲလုပ်ပြတော့ ကိုကိုကမျက်နှာ ပျက်သွားလေသည်။ အခြေအနေမကောင်းသည်မို့ ဂျီမင်းပေါင်ကို ကြိတ်လိမ်ကာ မျက်ရည်ကျပြလိုက် ရလေသည်။ မဟုတ်ရင် ကိုကိုလူရိုးလူအကြီးက ထိုနေရာက ရွေ့မှာမဟုတ်။
"ဟာ မငိုနဲ့လေ မင်လေးရာ ကိုကိုသွားပေးမယ် ဟုတ်ပြီလား စိတ်ချ မင်လေးသူငယ်ချင်းကို ကမ္ဘာပါပတ်လို့ရအောင် လုပ်ပေးလိုက်မယ် မငိုနဲ့နော်"
"အင့် ဟုတ် ဒါဆိုအခုသွားတော့ ထယ်ယောင်းက ကားမှတ်တိုင်းမှာ စောင့်နေပြီ အင့်"
ရှိုက်သံတစ်ဝက်နဲ့ ရောပြောတော့ ကိုကိုကဂျီမင်းခေါင်းကို ပုတ်ကာ အင်္ကျီလဲပြီးပြေးထွက်သွားလေသည်။ ဂျီမင်းမှာတော့ နာနေတဲ့ပေါင်သားလေးကို အုံဖွလုပ်ကာ ထယ်ယောင်းဆီ ဖုန်းအပြေးအလွှားဆက်ရလေသည်။