အပိုင်း ၃၃

98 6 1
                                    

Z&U

နန်းဂျွန် ကိုရီးယားမြေပေါ် ခြေခြမိသည်နှင့်တစ်ပြိုင်နက် နာကျင်မှုတွေအလုံးလိုက်အရင်းလိုက်ဝင်လာသည်။ သူဘယ်တုန်းကမှ သူများအပေါ်နာကျင်စေသည့် စိတ်နှင့် မပြုလုပ်ခဲ့သော်ငြား ကင်ထယ်ယောင်း အပေါ်မှာတော့ ဥပေက္ခာတွေသာ ရက်ရက်ရောရော ပေးခဲ့သည်။

ကိုရီးယားကလွဲလို့ ဘယ်မှမသွားတတ်ဘူးတဲ့။ သေခြာပေါက် ဂျယ်ဂျူးကျွန်မှာသာ ရှိလိမ့်မည်။ သဘာဝ အလှတရားတွေကို သိပ်ကြိုက်တဲ့ကောင်လေး။

နန်းဂျွန် နာကျင်လာသော မျက်ဝန်းအိမ်ကို လက်ဖနောင့်ဖြင့် ခပ်ဖွဖွဖိကာသုပ်လိုက်သည်။ မျက်ရည်တွေကပေါလာလိုက်တာ။

"boss ဂျယ်ဂျူးကျွန်းတန်းသွားမှာလား အဲ့မှာကင်ထယ်ယောင်းရှိပါတယ်"

"ဂျယ်ဂျူးမှာ show ပွဲတစ်ခု ရှိတယ်မဟုတ်လား"

"ဟုတ် မနက်ဖြန် ညမှပါ ကျွန်တော်တို့ဆီက အဖွဲသစ်ကိုဖိတ်ထားတာပါ ၄၅ မီနစ်​လောက်ပဲ ဖျော်ဖြေရုံပါ"

"ငါတို့အခုသွားမယ် အခုလုပ်ရမဲ့ စာရွက်စာတမ်းအချို့ပြပေး ပြီးရင် ငါမရှိတဲ့ရက်အတွင်း ကုမ္ပဏီကကိစ္စအဝဝကိုပြော"

နန်းဂျွန်လာကြိုသော အတွင်းရေးမှူးကို အလုပ်ကိစ္စအချို့ မေးလိုက်သည်။

"boss ကိုကျွန်တော်ပြောထားခဲ့သလိုပဲ boss ပျောက်သွားတော့ လန့်ကြပေမဲ့ အလုပ်ကိစ္စနဲ့ ကနေဒါလို့ပြောထားတော့ သူတို့လည်း သိပ်ထွေထွေထူးထူး မစဉ်းစားကြပါဘူး boss ပြောသလို ကင်းထယ်ယောင်းက ကင်ဆော့ဂျင်နဲ့ လက်မထပ်ခဲ့ပါဘူး"

"ရပြီ ထားလိုက်တော့ ဘာအကြောင်းမှ မပြောနဲ့တော့ ငါနားချင်ပြီ"

"ဟုတ် boss"

မဆိုင်တဲ့ အ​ကြောင်းတွေထည့်ပြောနေသော အတွင်း​ရေးမှူးကို သူဥ​ပေက္ခာပြု၍ လက်ထဲက ပွဲချိန်ပြသောစာရွက်ကို ဘေးထားလိုက်ပြီး နန်းဂျွန်ထိုင်ခုံကိုမှီလိုက်တော့သည်။ နာကျဉ်လာသော နှလုံးသားပတ်ဝန်းကျင်က အသားမကျသေး သလိုမျိုးတစ်ဒိတ်ဒိတ်ရမ်းခါနေသည်။

တစ်ရိပ်ရိပ်ပြေးနေသော ကားပေါ်လေးတွင် နန်းဂျွန်အိပ်နေပါသော်ငြား အိပ်လို့မပျော်ပေ။ ယောင်းနဲ့တွေ့ခဲ့ရင်ဆိုသောအသိက အနည်းငယ်ကသိကအောက်ဖြစ်၏။ တွေ့ရအောင် သွားသော်ငြား တွေ့ရင်ဘာတွေပြောရမလဲ ဘာတွေလုပ်ရမလဲ နန်းဂျွန်မသိပါ။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Jun 05, 2024 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

2 YOUHikayelerin yaşadığı yer. Şimdi keşfedin