Z&U
ထယ်ယောင်းတစ်ယောက် bus ကားပေါ်က လူကျပ်တာကတစ်မျိုး ၊ တန်းကိုမမှီ့တစ်မှီဖြစ်နေတာက တစ်မျိုးနဲ့ နန်းဂျွန်လက်တစ်ဖက်ကို မသိမသာ ဆွဲကိုင်ထားသည်။ ထိုစဉ်ပြန်လည် ဆုပ်ကိုင်လာတဲ့ လကိဖဝါးနွေးနွေးကြောင့် ထယ်ယောင်းမျက်နှာဟာ စတော်ဘယ်ရီတွေလို ရဲသည်ထက်ရဲလာလေသည်။
"အကြာကြီးစီးရဦးမယ် ထင်တယ်နော် "
"ထယ်ယောင်းက ဘယ်ကိုသွားမှာလဲ"
"လည်လည်သွားမှာ ဟီးဟီး "
လေထောင့်ဆန်ဆန်ပြုံးပြတဲ့ ထယ်ယောင်းက နန်းဂျွန်မျက်လုံးထဲ ချစ်ဖို့ကောင်းလှသည်။ ခေါင်းလုံးလုံးလေးတွေကို နန်းဂျွန်ကစသလိုလိုဖွတော့ ထယ်ယောင်းက ရှက်အော်အော်သည်။
"အစ်ကိုကလည်း ယောင်းကဆံပင်ပြင်လာတာပါဆို ပွကုန်ပြီ မဖွပြစ်နဲ့"
"ထယ်ယောင်းဆံပင်က လုံးလုံးလေး ချစ်ဖို့ကောင်းတယ် ဟ့ ဟ့"
နန်းဂျွန်ကဘာရယ်မဟုတ် ချစ်ဖို့ကောင်းတယ်ဟု ပြောလိုက်သော်ငြား ထယ်ယောင်းမှာတော့ ရင်တွေကကျည်ဆန်ရထား အရှိန်နှုန်းလိုရပ်တန့်လို့ မရတော့ခြေ။
bus ကားပေါ်ကဆင်းတော့လည်း ထယ်ယောင်းလက်တွဲမဖြုတ်ခဲ့။ အေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပေကပ်ကာ နန်းဂျွန်လက်ချောင်းတွေကြား ထယ်ယောင်းလက်ချောင်းတွေကို ညှပ်ကာကျပ်နေအောင် ဆုပ်ကိုင်ထားလေသည်။
"အစ်ကိုနန်းဂျွန် ဒီမှာမုန့်စားမယ်လာလာ"
shopping mall နဲ့ကစားကွင်းပေါင်းဖွင့်ထားသည်မို့ ထယ်ယောင်းက အကြိုက်တွေ့နေသည်။ ထယ်ယောင်းစားခြင်တာတွေ အကုန်ဝယ်ကာ နန်းဂျွန်နဲ့အတူစားသည်။ မုန့်တွေဆိုတာလည်း မျိုးကိုစုံနေသည်မို့ ဗိုက်ပြဿနာဖြစ်မှာစိုး၍ နန်းဂျွန်တားတော့ သွားလေးစိကာ ခေါင်းကိုပေါက်သင်ညိုလို တရစပ်ငြိမ့်ပြလေတော့သည်။
"အစ်ကိုနန်းဂျွန်လာ ဒီမှာအရုပ်ကောက်စက် လာကောက်ပေး "
"ဟင့်အင်"
နှတ်ခမ်းတစ်ထော်ထော်နဲ့ ထယ်ယောင်းက နန်းဂျွန်လက်မောင်းကို အတင်းဆွဲဖက်ကာ အရုပ်စက်နားအတင်းခေါ်သည်။ နန်းဂျွန်ခေါင်းခါနေလည်း မရခြေ။