Z&U
"ဒယ်ဒယ်"
ဂျောင်ကုနောက်ကထွက်လာတဲ့ ပိစိလေးက ဂျောင်ကုလက်ညိုးကို ဆွဲကာ ဒယ်ဒယ်ဆိုပြီးမပီကလာပီကလာနဲ့ ခေါ်နေလေသည်။ စတွေ့တွေ့ခြင်း ဂျောင်ကုနဲ့ကွယ်နေသည်မို့ ကိုယ်မမြင်ခဲ့ခြင်း။ ဒါဆိုဒီကောင်လေးမှာ အိမ်ထောင်ရှိတဲ့ဆိုတဲ့ သဘောလား။ ပြီးတော့ ဆော့ဂျင်နဲ့လပ်ထပ်ဦးမယ်။
"ဂျွန်မုန့်စားခြင်လို့လား ခဏနေပါဦး ဒယ်ဒယ်အသိနဲ့စကားပြောနေတယ်လေ ခဏလောက်စောင့်ပေးလေနော်"
ဂျွန်ဆိုတဲ့ကလေးနမည်ကြားတော့ အနည်းငယ် တောင့်သွားပေမဲ့ နာမည်တူလူသာမရှားဆိုတာလည်း ရှိတယ်မလား။ သို့ပေမဲ့ ဂျောင်ကုနဲ့ဆိုရင်တော့ အားလုံးက ထူးစမ်းနေလေသည်။
"no no"
ကလေးလေးက အင်္ဂလိပ်လိုပြောကာ ဂျောင်ကုကို အတင်းဆွဲလေသည်။ ဗိုက်ဆာလို့ထင်ပါရဲ့။ ကိုယ်ကလည်း ကလေးချစ်တတ်သည်မို့ ကလေးလေးဗိုက်ဆာနေတာကို သနားနေမိလေသည်။
သေခြာကြည့်မှ ကလေးလေးမျက်နှာက သိပ်ရင်းနှီးတဲ့ တစ်စုံတစ်ယောက်နဲ့တူသလိုလိုရယ်။"ကလေးကို အရင်ဝယ်ကျွေးလိုက်ပါ ကိုယ်ပါလိုက်ခဲ့မယ်လေ သားသားကဘာစားခြင်လို့လည်း"
"ice-cream, Who are you? ဒယ်ဒယ် Who is he? "
မျက်လုံးခပ်မှေးမှေးကို အတင်းရောကာရော ပြူးကာထိုကလေးက ဂျောင်ကုကိုမေးနေလေသည်။ ဂျောင်ကုက သွားကြီးကြီးလေးတွေပေါ်အောင် ရယ်လိုက်သည်မို့ ကိုယ်ခဏတာငေးခနဲ ဖြစ်သွားလေသည်။
"စကားတတ်လေး ဒယ့်ဒယ်မိတ်ဆွေပါ"
"အော့် ဂျွန်နီးကဒယ်ဒယ်ရဲ့သား ကင်ဂျွန်နီးပါဗျ"
ခပ်ဖြည်းဖြည်း လှမ်းလာတဲ့ လက်သေးသေးလေးကို ကြည့်ရင်း ကိုယ့်ရင်ထဲတစ်ဒိုင်းဒိုင်းရယ်။ ပြီးတော့ဒီကလေးနဲ့ ကိုယ်နဲ့ကသိပ်ရင်းနှီးနေသလို ခံစားရတာ ဘာ့ကြောင့်လည်းမသိတော့။ ပြီးတော့ ကလေးရဲ့ မျိုးရိုးနာမည်ကြောင့် စိတ်ထဲတင်းတင်းကျပ်ကျပ်ရယ် ဘယ်လောက်ပဲ တိုက်ဆိုင်ပါစေဦး ကင်ဂျွန်နီးဆိုတာအထိ တိုက်ဆိုင်သည်ကတော့ လွန်တာပေါ့။
![](https://img.wattpad.com/cover/272244097-288-k713845.jpg)