Z&U
အစ်ကိုက မသွားနဲ့ဟုဆိုသော်ငြား ဆိုင်ကိုပစ်မထားခြင် တာကတစ်ကြောင်း၊ အပြင်ကိုထွက်ပြီး လေကောင်းလေ သန့်လေးရှူခြင်တာကာ တစ်ကြောင်းနဲ့ ဆိုင်ကို ထွက်လာလိုက်မိသည်။ အစ်ကိုကတော့ နေမကောင်းရင် မသွားပါနဲ့လားတဲ့..။ သူကိုယ်တိုင်ကိုက ဆိုင်ကိုသွားခြင်နေတော့လည်း..။
ဆိုင်ရောက်တော့လည်း ထွေထွေထူးထူးရယ်မရှိ။ မနေ့ကမှ အပ်ထည်အားလုံးလက်စသတ်ထားသည်မို့ သူအားနေလေသည်။ ဒါနဲ့ ဂျောင်ကုရဲ့ ဆိုင်ဖက်ကို ထွက်လာလိုက်လေသည်။
"ဂျောင်ကု"
ဂျောင်ကု patterns တွေကြည့်နေတုန်း ထယ်ယောင်း ရောက်လာတာမို့ ကြည့်လက်စ patterns ကိုကိုင်ရက်သား နှုတ်ဆက်လိုက်လေ သည်။ သဘောက သူမအားဘူးဆိုတဲ့ သဘောမျိုး။
"အော် ထယ်ယောင်း ထိုင်လေ နူးနားထယ်ယောင်းအတွက် လက်ဖက်ရည် တစ်ပွဲလောက်ပြင်ပေးပါဦး ဟိုနေ့ကလက်ဆောင်ရတဲ့
ပန်းလက်ဖက်ခြောက် ခပ်ပေးနော်""အင်း ဂျောင်ကုကော ကော်ဖီသောက်ဦးမလား"
"ဟင့်အင့် တော်ပြီ"
ဂျောင်ကု နူးနားကိုမှာအပြီး ထယ်ယောင်းကိုလှည့်ကြည့် တော့ ထယ်ယောင်းက ခပ်အေးအေးသာ ခြေချိတ်ထိုင် နေလေသည်။
"ဂျောင်ကုအလုပ်များနေလား တို့ကတော့မနေ့ကတည်း က အထည်တွေအပ်လိုက်ပြီရယ် အဲ့တာကြောင့် အားတုန်းလေး ဂျောင်ကုဆီထွက်ခဲ့တာ"
"အဲ့လိုကိုး အားနာစရာပဲ ကျွန်တော်က အခုမှ patterns တွေကြည့်နေတာရယ် ပြီးရင်အထည်တစ်ခု စကိုင်မလားလို့"
စာရွက်အပိုင်းအစပေါ်က အတိုင်းအတာတွေကို အကြည့်မပြတ်ရင်းပြောတာကြောင့် ထယ်ယောင်း လွတ်လွတ်လပ်လပ်ပင်ရယ်မောမိလိုက်သည်။ ဂျောင်ကုကတကယ့်ကို ပွင့်လင်းတာပဲ။
"တို့ကအနှောက်အယှက်ပေးမိတာပဲ"
လာခြပေးသွားတဲ့ ပန်းလက်ဖက်ရည် မွှေးမွှေးရဲ့အနံ့ကို
ရှူရှိုက်ရင်း ပြောတော့ ဂျောင်ကုက ခပ်ဟဟရယ်သည်။ နည်းနည်းလေးတောင် မျက်နှာပျက်မသွားဘူး ပြုံးပြုံး ရယ်ရယ်နဲ့ အငြင်းစကားဆိုတတ်တာ နည်းတဲ့ မျက်နှာပြောင်တိုက်မှုကြီးလား..။