အပိုင်း ၂၇

219 22 13
                                    

Z&U

ဖြောင်း!

နန်းဂျွန်ပါးပြင်ထက် ကျလာသည့်လက်ဝါးရာကို နန်းဂျွန်မမှုအား သွေးသံရဲရဲနှင့် ကုတင်ပေါ်ကထယ်ယောင်းကိုသာ အစဉ်တစ်စိုက်ကြည့်နေမိသည်။ လက်ကောက်ဝတ်က ပတ်တီးဖြူဖြူကို ကြည့်ပြီးပိုမိုကာလည်း ကိုယ့်ကိုကို စိတ်ပျက်မိသည်။ ထို့အပြင်ဗိုက်ထဲက ကိုယ်ဝန်ကိစ္စပါ ထပ်ဆောင်းသိလိုက်ရသည်မို့ နန်းဂျွန်ခြေတောင် မခိုင်တော့။

သူ့လိုလူအတွက် သားအိမ်ထည့်ခဲ့တယ်တဲ့လေ။ အရမ်းအန္တာရာယ်များလွန်းလို့ အမျိုးတွေကတားခဲ့တာတောင် မရရအောင်လုပ်တဲ့ ခေါင်းမာလွန်းတဲ့ ကောင်ကလေး။ အခုတော့ သူ့ကြောင့်ပဲ ကုတင်ပေါ်မှာ လှဲလျောင်းလို့။

"မင်းအဲ့ဒီ့ဂျွန်ဂျောင်ကုဆိုတဲ့ တစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တာမလား ငါ့သားလေးကိုတော့ ဂျောင်ထိုးထားခဲ့ပြီး မင်းကသွားသာယာနေတယ်ပေါ့"

"ကျွန်တော်မလုပ်ခဲ့ဘူး ဘယ်သူနဲ့မှမဖောက်ပြန်ဘူး မဟုတ်တာတွေ စွတ်ဆွဲမယ်ဆို ကျွန်တော်လည်း သေခြာပေါက်ငြိမ်ခံမှာ မဟုတ်ဘူး"

နန်းဂျွန်ပါးကိုထပ်မံရိုက်ဖို့ ပြင်နေတဲ့ယောက္ခမကြီးကို နန်းဂျွန်လျစ်လျုရှုကာ ထယ်ယောင်းအနားသွားလိုက်လေသည်။ တစ်လလုံးလုံး သူဒီကောင်လေးကို ပစ်ထားမိခဲ့တာ။ အကုန်သူ့အမှားတွေကြီးပါ။

"ဒါဆို ဒီမနက်မှတတ်လာတဲ့ သတင်းတွေက ဘာတွေလဲ ငါ့သားက ငါ့သားက အဲ့တာတွေမြင်ပြီး အခုလိုဖြစ်သွားတာ ဘယ်လိုလုပ်မလဲ ဟမ်"

ဖုန်းထဲမှာ နန်းဂျွန်ကဂျောင်ကုကိုလိုက်ဆွဲနေသည့် ပုံအချို့အပြင် ဖက်သလိုလို ပုံတွေကြောင့် နန်းဂျွန်ခေါင်းနပန်းကြီးသွားသည်။ ယောင်းက ဒါတွေမြင်သွားခဲ့တာလား။ ဟူး....။

"ဒါကဒီတိုင်း ပုံတွေပဲ ဘာမှမဟုတ်ဘူး"

"မင်း"

"တော်ပါတော့ မိန်းမရယ် သားလေးနေမကောင်းဘူး ဆူညံဆူညံလုပ်တာမကောင်းပါဘူး နော်"

နန်းဂျွန်အခုမှ သတိရသည်။ ယောင်းသတင်းကြားကြားခြင်း ဂျောင်ကုကိုဘာမှမပြောပဲ ထားပြစ်ခဲ့တာဖြစ်သည်။ ဂျောင်ကုလက်က လက်ထပ်လက်စွပ်ကြောင့် ရင်တွေတစ်ဒိန်းဒိန်းတုန်ကာ ခေါင်းတွေထဲ ရှုတ်ထွေးလာတော့သည်။ နန်းဂျွန်လည်း တွေးရလွန်းလို့ မကြာခင်ရူးတော့မည်။

2 YOUWhere stories live. Discover now