Z&U
"ယောင်း ဆေးရုံသွားရမယ်လေ ဘာပဲဖြစ်ဖြစ်လုပ်စရာရှိတာ လုပ်ရမယ်မဟုတ်လား ယောင်းငယ်ကကိုယ့်စကားနားထောင်မှပေါ့"
နားသယ်စကို ခပ်ဖွဖွနမ်းပြီးပြောတော့မှ ခပ်ဖြည်းဖြည်း အိပ်ရာကထလာလေသည်။ စောင်တွေကြားထဲကနေ ထွက်လာတဲ့ လတ်မှာတော့ ကိုယ်တိုင်ညက စီးပေးထားတဲ့ ရုံရွဲ့နေတဲ့ ပတ်တီးတစ်ချို့။ သွေးစအနည်းငယ်က ခပ်စို့စို့ထွက်နေသည်မို့ ကိုယ့်ရင်ထဲအောင့်ခနဲရယ်။
"ဆေးရုံအထိတော့ မသွားခြင်ဘူး အကိုသိသားနဲ့ ယောင်းကဆေးရုံတွေဆေးခန်းတွေကြောက်တာကို"
ပတ်တီးကို ကုတ်ခြစ်နေသည်မို့ လက်သွယ်သွယ်တွေကို ဖမ်းဆွဲထားလိုက်ရလေသည်။ ဖြူဖြူရှည်ရှည်နဲ့ လက်ချောင်းသွယ်သွယ်တွေက ကိုယ်လက်ထက်အနည်းငယ် ကြီးနေသော်ငြား ကိုယ်လက်လို ကြမ်းတမ်းနေသည်မဟုတ်။ ဒဏ်ရာအနာတရ မည်မျှမှမရှိသည့်အပြင် ယခုလို ကိုယ့်ရှေ့ ဒဏ်ရာရသည်ဆိုတော့ ပိုမိုကာ မချိတင်ကဲဖြစ်ရလေသည်။
"ခဏပဲလေယောင်းရယ် ကိုယ်လည်းပါတယ်မဟုတ်လား ရေသွားချိုးလိုက်နော် မဟုတ်ရင် ကိုယ်ယောင်းရဲ့ဆိုင်ကို သုံးလလောက်ပိတ်ခိုင်း ရလိမ့်မယ်ယောင်း"
အစ်ကိုကအနည်းငယ် ဒေါသထွက်နေသည်မို့ သူကပဲလျော့က ရေချိုးခန်းထဲဝင်ဖို့တံခါးဖွင့်မိလေသည်။
သို့သော်ငြား သူ့အတွက်အဆင်မပြေ။ အစ်ကိုကညကတည်းက မှန်စတွေအကုန် ရှင်းထားခဲ့သော်ငြား သူကတော့ မှန်ထဲက ဂျီမင်းကိုကြောက်ရွံ့ဆဲ။"အစ်ကိုပါလိုက်ခဲ့"
ရေးချိုးခန်း အပောက်ဝကနေ ပြေးလာပြီးလက်မောင်းကို အတင်းဖက်ကာ ပြောနေသဖြင့်မလိုက်လို့ကလည်း မရတော့ခြေ။
"လာ ကိုယ်ပါချိုးမယ်"
နှစ်ယောက်သား အခန်းထဲယောက်တော့ ယောင်းရဲ့ မျက်ဝန်းဖန့်ဖန့်တွေကြား လမ်းပြောက်ရလေသည်။ ယောင်းက အူကြောင်ကြောင် ဖြစ်နေသော်ငြား ကိုယ့်မှာတော့ အူလှိုက်သဲလှိုက်ရယ်။
"ကိုယ့်ကိုမြူစွယ်နေတာလား"
"မဟုတ်ပါဘူးနော် လာမစ အ့"