Z&U
"ထယ်ယောင်းရေ ထယ်ယောင်းရ မြန်မြန်လာစမ်းပါ"
ဂျီမင်းအသံကြားတာနဲ့ ထယ်ယောင်းမှာ အင်္ကျီရွေးနေရင်း တွေ့ရာကိုဆွဲဝတ်ရလေတော့သည်။ ဂျီမင်းကသူငယ်ချင်းမို့ စောင့်နေရတာ အကြောင်း မဟုတ်။ အကြောင်းက ဂျီမင်းရဲ့အစ်ကို ဒီနေ့လိုက်ပို့လိမ့်မည်။
ဂျီမင်းအစ်ကိုနန်းဂျွန်ဆိုတာက ထယ်ယောင်းရဲ့ crush ဖြစ်သည်။ အလယ်တန်းပထမနှစ်ကတည်းက တယုတယ ကြိတ်ကြွေခဲ့ရသည်။ ဒီနေ့အစ်ကိုနန်းဂျွန်ပါ လိုက်ပို့မည်ဆိုတော့ စောစောမထတတ်တဲ့ ထယ်ယောင်းမှာ ဗီရိုထဲက အင်္ကျီတွေတစ်ထည်ပြီး တစ်ထည် ဝတ်ကြည့်ကာအလှုပ်ရှုတ်နေချိန်မှ ရောက်လာသတဲ့လား။
"ခဏလေး ငါလာပြီ ခဏပဲနော်"
အစ်ကိုနန်းဂျွန်က အချိန်တိကျသူမို့ ထယ်ယောင်းမှာ မြန်မြန်လုပ်နေရသည်။ မည်သူတွေက ဘယ်လောက်ချောတယ် ပြောပြော ထယ်ယောင်းမှာ ခွက်ရှေ့ရောက်ရင် ပြာပြာသလဲဖြစ်မြဲ။
"ထယ်ယောင်းမင်းဟာက ရေမွှေးတစ်ပုလင်းလုံး မှောက်ကျထားတာလား"
ဂျီမင်းမွှေးကြိုင်လွန်းလှတဲ့ ထယ်ယောင်းရေမွှေးနံ့ကို တစ်ရှုံ့ရှုံ့ရှူရင်းမေးသည်။ ထယ်ယောင်းကတော့ လည်ပင်းရှည်မတတ် ဂျီမင်းအနောက်ကြည့်သော်ငြား အစ်ကိုနန်းဂျွန်က ပါမလာခြေ။ ရင်ထဲလည်း ဝမ်းနည်းသွားလေသည်။ ထယ်ယောင်းမှာ ဒီလောက်ပြင်ထားတာတောင် ရောက်မလာသည်မို့ အားပြတ်သွားလေသည်။
"ကိုကိုကရှေ့မှာကျန်ခဲ့တယ် အိမ်ထဲမဝင်ခြင်လို့တဲ့ ဒါနဲ့လေ ဂျင်းဟျောင်းကော မင်းကိုစောင့်နေမယ်လို့ ပြောလား ဟီး"
"မသိပါဘူး စောင့်ခြင်စောင့် မစောင့်ခြင်နေ လာ အမြန် အစ်ကိုနမ်းဂျွန်စောင့် နေရလိမ့်မယ် လာဆို"
လျှင်မြန်စွာ ပြေးထွက်သွားတဲ့ ထယ်ယောင်းကို ကြည့်ကာ ဂျီမင်းမဲ့ရွဲ့လိုက်လေသည်။ ကင်ထယ်ယောင်းကလေ ပိုကိုပိုလွန်းတယ်။
အင့်
အရှိန်လွန်ကာ ထွက်လာသည့် ထယ်ယောင်းဟာ နန်းဂျွန်ရင်ခွင်ကို ဝင်တိုက်သည်မှာ အင့်ခနဲတောင် မြည်သွားလေသည်။