အပိုင်း ၂၂

206 24 6
                                    

Z&U

ထယ်ယောင်းတစ်ယောက် သူတို့အိမ်တော်ရဲ့ဒေါက်တာ့ဆေးရုံ​အောက်မှာ ခြေစုံရပ်နေမိသည်။ ညကတည်းက ဆုံးဖြတ်ထားခဲ့သော်ငြား အခုတော့ တုန်ရီနေတဲ့ ခြေထောက်တွေက သူ့ကိုဆန္ဒပြနေလေရဲ့။ အရဲကိုးပြီး လှမ်းခြင်သော်ငြား နွေးထွေးတဲ့ ရင်ခွင်တစ်ခုလိုသည်။ သူ့ကိုဖေးမပေးနိုင်မဲ့ အစ်ကို့ရဲ့ရင်ခွင် လိုအပ်ပါသည်။

"ထယ်ယောင်းရှီး တစ်ခုခုဖြစ်လို့လားမသိဘူးဗျ ဆရာကြီးအထဲမှာရှိပါတယ်"

family doctor ရဲ့လက်ထောက်လေးက သူ့ကိုမြင်သွားပြီး နှုတ်ဆက်ကာမှ တစ်ယောက်ထဲ ပင်ပန်းနေတဲ့အထဲက ရုန်းထွက်နိုင်သည်။ စိတ်တွေကို အဆုံးထိလျော့ခြပြီး အားတင်းထားလိုက်မိသည်။ အစ်ကို့အတွက် သူလုပ်ကိုလုပ်ရမယ်။

"ဟုတ်ကဲ့ ဒေါက်တာကြီးဆီကို လမ်းညွန်ပေးပါဦးဗျ"

"ဒီဘက်လမ်းပါဗျ"

လက်ထောက်ဆရာဝန်လေးက လမ်းညွန်ပြသည်မို့ အလွယ်တစ်ကူရောက်သွားလေသည်။ ဆရာဝန်ကြီးကတော့ အရေးအကြောင်း ရှိရင်တောင်တွေ့ဖို့မလွယ်သည်မို့ ယောင်းရောက်လာတာကို အံသြနေဟန်။

"ဒေါက်တာနဲ့ ယောင်းတိုင်ပင်ခြင်လို့ပါ ဒီကိစ္စကို ပါးပါးတို့ကိုလည်း အသိမပေးစေခြင်ဘူး ယောင်းကဒေါက်တာနဲ့ တိုင်ပင်ထားရုံပါပဲ"

"ဟုတ်ပါပြီ ထယ်ယောင်းကဒေါက်တာ့ရှေ့မှာပဲ ကြီးပြင်းခဲ့တဲ့ကလေးပဲလေ သားအခုဘာတွေဖြစ်နေလဲ ဒေါက်တာ့ကိုပြောပြလို့ရပါတယ်"

"ဘာတွေဖြစ်နေလဲ ဆိုတာထက် ဘာတွေဖြစ်ခြင်လည်းလို့ မေးရင်မှန်မယ်ထင်တယ် ဒေါက်တာ"

ဒေါက်တာကြီးက လက်ပိုက်ကိုအသာဖြုတ်ကာ ယောင်းစကားကို နားထောင်နေသည်။

"ယောင်း သားအိမ်ထည့်ခြင်တယ် ယောင်း အစ်ကို့အတွက် ကလေးလေးမွေးပေးခြင်တယ် ဒေါက်တာ"

ဒေါက်တာကြီးက မအံ့သြပါ။ အသက်ကိုခပ်ပြင်းပြင်းရှုပြီး မျက်မှန်ကိုပင့်တင်သည်။ ခေါင်းကိုခပ်ဖြည်းဖြည်းငြိမ့်ကာ ယောင်းကိုခပ်ဆွေးဆွေးကြည့်သည်။ ငယ်ရွယ်စဉ်ကတည်းက ဒေါက်တာကြီးသည်လည်း ယောင်းကိုထိန်းကျောင်းလာခဲ့သည်မို့ မချိသာမခံသာ ခံစားရမည်ကိုသိသော်ငြား ဒီလိုမျိုးယောင်းကလုပ်ခြင်သည်ဆိုတော့ မည်သူကတားရဲပါမည်တုန်း။

2 YOUWhere stories live. Discover now