Chapter - 21

3.9K 585 4
                                    

Unicode

၈၄။ သခင်နဲ့တိရစ္ဆာန်အတူတူပါပဲလား?

Translator : Dacning_Breeze
_______________

သူမမြင်လိုက်တာက အမွှေးဖွားဖွားလေးနဲ့ လက်သီးဆုပ်လောက်ပဲရှိတဲ့မီးခိုးလုံးလေး အိတ်ဆီပြေးသွားတာပင်။ သိုးမွေးလုံးလေးက ယောက်ျားကြီးတစ်ယောက်ရဲ့လက်သီးဆုပ်လောက်သာရှိကာ မျက်စိနဲ့နှာခေါင်းကို မတွေ့ရချေ။

အဲ့အကောင်ပေါက်စလေးက ရိက္ခာအိတ်ထဲမှာ ဟိုဟိုသည်သည်ဝင်တိုးနေ၏။ သူက အပြင်ကိုဘယ်လိုထွက်ရမလဲဆိုတာ မသိဘဲဖြစ်နေပုံရပြီး သူ့မှာ လက်သည်းချွန်‌လေးတွေရှိတာမို့ အိတ်ကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်လိုက်တော့သည်။

ဒါကိုမြင်တဲ့အခါ နဉ်ရှုရဲ့ဆံပင်တွေမှာ ထပ်မံထောင်ထသွားရပြန်၏။ ဒီလက်သည်းတွေက နည်းနည်းလေးအံ့ဩဖို့ကောင်းလွန်းမနေဘူးလား? စောစောကလက်ပေါ် မုန့်တင်ပြီး ဒီအကောင်ကိုမျှားရဲတယ်ဆိုတော့ သူမ သတ္တိတွေတော်တော်ရှိနေတာပဲဖြစ်ရမယ်။ စောစောတုန်းက အဲ့အကောင်လေးက သူမကို သူ့လက်သည်းရန်ကနေ ချမ်းသာပေးလိုက်တဲ့အတွက် နဉ်ရှု တကယ်ပင်ကျေးဇူးတင်နေတော့သည်။

ရိက္ခာတွေနဲ့အချိုမုန့်တွေမှာ အဲ့အကောင်‌လေးရဲ့ အလျင်အမြန်အပြတ်ရှင်းမှုကိုခံလိုက်ရတော့သည်။ အကောင်လေးက သေးသေးလေးဆိုပေမယ့် အများကြီးစားနိုင်တယ်။

ဒီအကောင်က ထူးဆန်းတဲ့ဖြစ်တည်မှုတစ်ခုဆိုတာ သေချာတယ်။ နဉ်ရှုက ထွက်ပြေးဖို့ ချက်ချင်းဆုံးဖြတ်လိုက်သည်။ ဒီပေါက်စလေးက ရန်စသင့်တဲ့ဟာလေးမဟုတ်တာ အသိသာကြီး။

ထွက်ပြေးဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးချိန်မှာပဲ အဲ့အကောင်ပေါက်လေးက သူမကိုကြည့်နေသည်ကို နဉ်ရှုတွေ့လိုက်ရသည်။ သူက မတ်မတ်ရပ်နေပြီဖြစ်ပေမယ့်လည်း သိုးမွေးလုံး‌လေးနဲ့သာတူနေဆဲဖြစ်၏။

အမွေးပွပွလေးတွေနဲ့ပစ္စည်းတွေကို သူမအရမ်းကြိုက်တယ်ဆိုပေမယ့်လည်း ဒီဟာလေးကတော့ ဖက်လို့ကောင်းမယ့်အရုပ်ဟုတ်မနေဘူး။

"ငါ့နောက်ထပ်မလိုက်နဲ့တော့။ ငါ့မှာရှိတာအကုန် နင့်ကိုပေးပြီးသွားပြီ။"

The General Loves A Village Girl (Arc-2) (Complete)Where stories live. Discover now