Chapter - 23

4.2K 563 38
                                    

Unicode

Chp-86; မြို့၀င်၀တွင်တွေ့ဆုံခြင်း

Translator : Mei_Matsouka
______________

ကိစ္စတွေပြီးတာနဲ့ နဥ်ရှုဟာ အခြွေအရံတွေနဲ့ အတူ ဖြေးညင်းစွာ စီတန်းလှည့်လည်ရင်း မင်းသမီး အိမ်တော်ကို ပြန်သွားလေတယ် ။ သူမ မြို့တော်ဂိတ်၀ကိုရောက်တဲ့ အချိန်မှာပဲ တခြား တပ်ဖွဲ့၀င်တွေ၀န်းရံလာတဲ့ အဖွဲ့တစ်စုနဲ့ တိုးလေတယ်။ အဲ့လိုနဲ့ပဲ အဖွဲ့နှစ်ဖွဲ့ဟာ ဂိတ်၀မှာတစ်နေလေတော့တယ်။

တပ်ဖွဲ့၀င်တွေပါလာတဲ့ အဖွဲ့ဟာ အံ့သြစရာကောင်းတဲ့ အရှိန်အဝါတွေပေါ်နေပြီးတော့ သူတို့နဲ့ ယှဥ်လိုက်ရင် နဥ်ရှုတို့ရဲ့ယာဥ်တန်းက သိသိသာသာ ကို မှိန်သွားလေတယ် ။

"မင်းသမီးလေး ...အဲ့တာ စစ်သူကြီးသွမ့် လေ စစ်သူကြီးသွမ့်"

ယာဥ်တန်းရဲ့ထိပ်ဆုံးမှာ ဦးဆောင်လာတဲ့ သူကိုတွေ့တာနဲ့ ယွမ်သုန်ဟာ ကျောက်စီထားတဲ့ လှပတဲ့ ထမ်းစင်ထဲ ထိုင်နေတဲ့ သူမရဲ့ သခင်မကို အလျင်အမြန်ဘဲ တင်ပြလေတယ်။ သူမကို ကြည့်ရတာ အလွန်ကို အံ့သြပြီးပျော်နေပုံ ပေါက်တယ်။ သူမရဲ့မျက်လုံးထောင့်လေးတွေကပါ နီလို့နေလေတယ် ။

တခြားဘက်မှာတော နဥ်ရှုရဲ့ အမူအယာက နည်းနည်းလေးမှ မပြောင်းလေဘူး။ အခုအခြေအနေက ရန်သူနဲ့လမ်းကျဥ်းလေးမှာ မျက်နှာချင်းဆိုင်နေရတဲ့ အခြေအနေလိုဖြစ်နေလေတယ်။ သူမက အပြင်ကို ကြည့်လိုက်တဲ့ အခါမှာတော့ သွမ့်ရှင်းဟွေ့နဲ့ အကြည့်ခြင်း ဆုံသွားလေတယ်။

သူမက မျက်မှောင်ကုတ်လိုက် ပြီးတော့ သံချပ်ကာ အပြည့်အစုံနဲ့ သွမ့်ရှင်းဟွေ့ကို တစ်ချက်ကြည့်လိုက်တယ်။ သူ့အကြည့်တွေက စူးရှ နေပြီးတော့ သူ့မျက်လုံးတွေကလည်း အလွန်နက်မှောင်နေပြီး မူလ ကျားဟွေ့ရဲ့ မှတ်ဉာဏ်ထဲကနဲ့ ကွဲပြားလို့နေလေတယ်။

ရယ်ချင်စရာ အကောင်းဆုံးကတော့ သူက သူ့လက်ထဲမှာ တစ်ကယ်ကြီး မိန်းမတစ်ယောက်ကို ထိန်းကိုင်ထားပေးထားတာပဲ။ သူက တကယ်ကြီး မိန်းမတစ်ယောက်နဲ့ အတူမြင်းစီးပြီး တပ်ဖွဲ့ကြီးတစ်ခုလုံးကို ဦးဆောင်လာတာပဲ။

The General Loves A Village Girl (Arc-2) (Complete)Tahanan ng mga kuwento. Tumuklas ngayon