Chapter - 2(Chp-63 မင်းသမီး ကျားဟွေ့)

9.6K 998 4
                                    

Chp-63 မင်းသမီး ကျားဟွေ့

ဝင်လာတဲ့ကောင်မလေးက နဉ်ရှုကို ဂါဝရ ပြုပြီးတော့ "တော်ဝင်သမားတော် ရောက်လာပါပြီ,မင်းသမီးလေး" ဆိုပြီး လျှောက်တင်လာလေတယ်။
တကယ်တော့ ဒီခ္ဓာကိုယ် က ဖျားလည်းမဖျားသလို ဘာရောဂါမှ လဲမရှိနေပါဘူး။
ဒီတိုင်း ဗိုက်ဆာနေရုံလေးပါ။
ခုနက ဆန်ပြုတ်နည်းနည်းသောက်လောက်တဲ့ အတွက် နဥ်ရှုဟာ တော်တော်လေး နေလို့ကောင်းလာပြီဖြစ်တယ်။
နဥ်ရှုဟာ ဇာတ်ကြောင်းကို လက်မခံရသေးတဲ့ အတွက် မူလ ပိုင်ရှင်က ဘယ်လိုလူမျိုးလည်း ဆိုတာ မသိသေးဘူး။
အဲ့တာကြောင့် သူမက အစေခံ နှစ်ယောက်ကို "မင်းတို့ သွားလို့ရပြီ " ဆိုပြီး ရိုးရိုးသာ ပြောလိုက်လေတယ်။
အစေခံ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ကြည့် ပြီးအရို အသေပေးကာ အိပ်ဆောင် ကနေထွက်သွားတော့လေ တယ်။
နဉ်ရှု မျက်ဝန်းတွေဟာ အခန်းကို သေချာလေး လှည့်ပတ်ကြည့်ပြီး အကဲဖြတ်လေနေတယ်။
အခန်းက တော်တော်လေးကျယ်ပြီးတော့ စင်တွေပေါ်မှာလည်း ရှားပါးပြီး တန်ဖိုးကြီးမားတဲ့ အရာတွေဟာ အစီအရီ နေရာ ယူထားလေတယ်။ အရောင်အသွေးစုံပြီး လှပတဲ့ ပန်းမျိုးစုံကိုလည်း လက်ရာမြောက်ပြီး လှပတဲ့ ကြွေပန်းအိုးတွေထဲ မှာလှလှ ပပလေးထိုးထားလေတယ်။
စန္ဒကူး သားအောက်ခံနဲ့ ပြုလုပ်ထားပြီး ရွှေအနားကွပ်ထားတဲ့ အမွှေးနံ့သာ အိုးထဲက ထွက်လာတဲ့ အမွှေးနံ့လေးကလည်း စိတ်ကို ငြိမ်းချမ်းစေလေတေယ်။
နှင်းဆီသား နဲ့လုပ်ထားတဲ့ အိပ်ယာဘောင်ရဲ့ဘေးမှာတော့ နရား သားနဲ့လုပ်ထားပြီး စကျင်ကျောက်နဲ့ ထွင်းထုထားတဲ့ ဆောင်းရာသီ မက်မွန်ပန်းပင် ပုံနဲ့ စားပွဲမျက်နှာပြင်ခုံ တစ်ခုရှိနေလေတယ်။

အခန်းထဲမှာ ရှိတဲ့ပရိဘောဂတွေ အသုံးအဆောင်တွေ ကိုကြည့်ရုံနဲ့ ဒီမင်းသမီး ရဲ့ဘဝကတော်တော်လေးကောင်းတယ်ဆိုတာ ကိုသိနိုင်တယ်။
ဒါဆို ဘာတွေသူမကို အမုန်း ၊အာဃာတ ၊ နောင်တတွေနဲ့ ပြည့်ပြီး လက်စားချေစေ ချင်တာလဲ။

နဉ်ရှုဟာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးတော့ ဇာတ်ကြောင်းကို လက်ခံလိုက်တော့တယ်။
သူမ ပြင်ဆင်ထားပေမယ့်လည်း ခေါင်းထဲမှာတော့ ဆစ်ကနဲ တချက်နာကျင်သွားသေးတယ်။
ဒီ ခန္ဓာရဲ့ နာမည်က လီရွယ်ရှန်း လက်ရှိယုံပြည်နယ်ရဲ့ တစ်ပါးထဲသော မင်းသမီး။ လက်ရှိမင်းကြီးက သူမအကို ဖြစ်ပြီး သူမကို အလွန်ဂရုစိုက်တယ်။
"မင်းသမီး ကျားဟွေ့" ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေးအပ်ထားပြီး Taiyuan မြို့ကိုလည်း ပေးအပ်ထားလေတယ်။ အဲ့တာကဘဲ သူမအကို က သူမကိုဘယ်လောက်ဂရုစိုက်လည်း ဆိုတာ သိနိုင်လေတယ်။

The General Loves A Village Girl (Arc-2) (Complete)حيث تعيش القصص. اكتشف الآن