Chapter - 37

3.9K 578 16
                                    

Chapter 100:သူတို့အချင်းချင်းဘဲ ကစားပါစေ

ယွင်သုန်က သူမရဲ့အစေခံမဟုတ်တော့တဲ့အတွက် မင်းသမီးအိမ်တော်မှာရှိတဲ့ အစေခံတွေထဲက ကြုံရာတစ်ယောက်ကို ဘဲသူမရဲ့ကိုယ်ပိုင် အစေခံအဖြစ်ရွေးလိုက်လေတယ်။တကယ်တမ်းတော့ နဉ်ရှုက သူမကိုအမြဲစောင့်နေမယ့်လူမလိုနေပါဘူး။မီးဖိုချောင်ကနေ သူမအတွက် အစားအသောက်တွေကိုပုံမှန်ပို့ ပေးတဲ့လူရှိတယ်လေ။

အခုရက်ပိုင်းတွေမှာသူမဟာ ကိုယ်ခံတရားကောင်းလာအောင် ကျင့်ရင်ကျင့် မဟုတ်ရင် သူမရဲ့ကြာပွတ်နဲ့လေ့ကျင့်ပြီး သူမရဲ့နည်းလမ်းတွေကောင်းလာအောင်လုပ်လေ့ရှိတယ် ၊ သူမရဲ့စိတ်ထဲကနေ သူမတစ်ကယ်ကို စစ်မြေပြင်ကိုသွားရမယ်လို့ခစားနေရတယ်။

သူမကိုတခြားတိုင်းပြည်ကို လက်ထပ်ဖို့ ပို့ပေးလိုက် ထက် ဒီတိုင်းပြည်မှာ ထားတာကပိုကောင်းတယ်ဆိုတာကို သူမလီဝမ့်ကိုသက်သေပြရမယ်။

နဉ်ရှုကကြာပွတ်ကို ပြန်သိမ်းလိုက်ပြီးတော့အစေခံကောင်မလေးပေးတဲ့လက်ကိုင်ပုဝါကိုလှမ်းယူလိုက်လေတယ် ။ သူမရဲ့ မျက်နှာနဲ့လက်က ချွေးတွေကိုသုတ်ရင်းနဲ့ "သွမ့်အိမ်တော်ကနေဘာသတင်းကြားသေးလဲ "

အဲ့ဒီအစေခံကောင်မလေးရဲ့နာမည်က ရှောင်ဟုန်ဖြစ်ပြီးတော့ သူမက နူးညံ့ပြီး နှစ်သက်ဖွယ်ကောင်းတဲ့အသွင်အပြင် ရှိတယ်ဆိုပေမယ့်လှတယ်လို့တော့ပြောလို့မရ လေဘူး ။ ဒါပေမယ့် သူမက အလွန်ကို တက်ကြွတဲ့အပြင်ဖြတ်ထိုးဉာဏ်လည်း အလွန်ကောင်းပြီးတော့ ပျော်ပျော်နေတတ်တဲ့စရိုက်လည်း ရှိလေတယ်။ နဉ်ရှုရဲ့မေးခွန်းကိုကြားလိုက်တာနဲ့ သူမကချက်ချင်းဘဲ "ယွင်သုန်နဲ့ အာ့ယာက ရန်ဖြစ်ပြီး ပြဿနာရှာနေကြတယ်ဆိုတာပဲကြားမိပါတယ် " ဆိုပြီး အဖြေပေးလိုက်တယ်။

"သွမ့်ရှင်းဟွေ့လည်း မိန်းမနှစ်ယောက်ကြားမှာ အတော်လေးဗျာများနေပါတယ် " ဆိုပြီးဆက်ပြောလေတယ်။

ဒါကသူမဖြစ်စေချင်တဲ့လမ်းအတိုင်းသွားလို့နေတယ် ။ သူတို့ကိုဘယ်သူက သူမကို ဒိုင်းကာတစ်ခုလိုသုံးလို့ရတယ်လို့ပြောလဲ ၊ အာ့ယာကိုရှင်းထုတ်ပေးမယ့်သူမမရှိတော့တဲ့အတွက် အခုဆို ယွင်သုန်နဲ့ သခင်မသွမ့်ဘယ်လိုလုပ်မလဲဆိုတာသူမတော့ တော်တော်သိချင်နေပြီ ။

The General Loves A Village Girl (Arc-2) (Complete)Onde histórias criam vida. Descubra agora