Chp-74:အကုန်လုံးထုပ်ပိုး ဘာတစ်ခုမှမကျန်ခဲ့စေနဲ့..
"မင်းတို့နှစ်ယောက် ဒီစတိုခန်းထဲကဟာတွေ အကုန်ထုပ်ပိုးလိုက်""ဘာဆိုဘာမှမကျန်ခဲ့စေနဲ့ "ဆိုပြီး နဉ်ရှုကသူ့ရဲ့ အစေခံနှစ်ယောက်ကိုပြောလိုက်လေတယ်။
ယွင်တုန်နဲ့မြောင်ချင်ကတစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးတော့ မြောင်ချင်က နဉ်ရှုကိုကြည့်ပြီး အရိုအသေပေးပြီးတော့ "မင်းသမီး ကျွန်နော်မျိုးမတို့ကိုဘာကြောင့်သိမ်းခိုင်းတာလဲ ၊ မင်းသမီးရဲ့စတိုခန်းမှာက ပစ္စည်းတွေအလွန်များပါတယ် ၊ မင်းသမီးလေးကအကုန်လုံးကိုတကယ် ထုပ်ပိုးစေချင်တာလား...."ဆိုပြီးပြောလေတယ်။
နဉ်ရှုကသူမကိုတစ်ချက်ကြည့်လိုက်ပြီးတော့ လေသံပျော့လေးနဲ့ "အပ်တစ်ချောင်းေတာင်ကျန်ခဲ့စေနဲ့" ဆိုပြီးပြောလိုက်လေတယ်။
မင်းသမီးသူမကို အေးစက်"အကြည့်နဲ့ကြည့်လိုက်တုန်းက သူမရဲ့နှလုံးက လုံးဝကြောက်လွန်းလို့ တုန်သွားသလိုတောင် ဖြစ်သွားတဲ့အတွက် မြောင်ချင်က အလွန်လန့်နေလေတယ်။ သူမက မင်းသမီးကနိုးလာကထဲက ထူးဆန်းနေတယ်လို့ခံစားနေရလေတယ်။သူမမျက်နှာမှာလည်း နာကျင်ခံစားနေရတာ နည်း"လေးမှမတွေ့ရလေဘူး။ သိပ်မကြာခင်ကသေလုမြောပါးဖြစ်ပြီးခံစားနေရတဲ့သူမဟုတ်သလိုဘဲ...။
မြောင်ချင်က ထပ်ပြီးမမေးရဲတော့ဘဲ နားလည်ပါပြီလို့သာပြောလိုက်ရတော့လေတယ်...မြောင်ချင်က နန်းတွင်းအစေခံငယ်လေးတွေကိုဦးဆောင်ကာ ထုပ်ပိုးမှုတွေကိုစတင်တော့လေတယ်...
အဲ့အချိန်မှာ နဉ်ရှုကတော့ လီဝမ်ဆီကိုချီတက်သွားလေတယ်...သူမရောက်သွားတဲ့အချိန်မှာတော့လီဝမ်က စာရွက်စာတမ်းတွေလုပ်နေတာကိုတွေ့လေတယ်...သူမကိုတွေ့တာနဲ့ လီဝမ်ကသူ့ရဲ့ ပြဒါးစုတ်တံကိုချလိုက်ပြီးတော့ မှတ်တမ်းကိုပိတ်လိုက်လေတယ်..သူ့ရဲ့ အပြုအမူကအရမ်းကိုသဘာဝကျပြီး ရင်းနှီးကျွမ်းဝင်နေတဲ့အတိုင်းဖြစ်နေလေတယ်....။
(ပြဒါးစုတ်တံဆိုတာ ပုံမှန််စုတ်တံလိုပါဘဲသူကမှင်အနက်အစား အနီကိုသုံးတာပါ)

VOUS LISEZ
The General Loves A Village Girl (Arc-2) (Complete)
Fiction HistoriqueAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023