Chp-77;သစ္စာမရှိသူအဖြစ်သမုတ်ခံရခြင်း
နောက်တနေ့မနက်မှာတော့နဉ်ရှုဟာစောစောထပြီး ဖြီးလိမ်းပြင်ဆင်လေတယ်...မြောင်ချင်ကတော့နဉ်ရှုရဲ့ဆံပင်ကိုဖြီးပေးနေလေတယ်..နဉ်ရှုကမှန်ထဲကနေ မြောင်ချင်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ သူမက စိတ်လွှတ်နေပြီးတော့ သူမမျက်လုံးတွေကလည်းဖောင်းပြီး နီလို့နေတယ်၊သူမမျက်လုံးထဲမှာလည်း မဖိနှိပ်ထားနိုင်တဲ့ စိတ်လောမှုတွေတွေ့နေရပြီး မျက်လုံးအောက်မှာလည်း ချိုင့်ပြီးမဲလို့နေလေတယ်...
အဲ့တာကိုကြည့်လိုက်တာနဲ့ သူမညက ကောင်း"အိပ်မပျော်ခဲ့ဘူးဆိုတာသိသာလေတယ် ၊ နဉ်ရှုကသူမ ဆံပင်ကိုကိုင်လိုက်ပြီးတော့
"ငါ့ကို ဇာမဏီဆံထိုး ထိုးပေး" ဆိုပြီးပြောလိုက်လေတယ်။
"အောင်မြင်ခြင်းရွှေဖြူစကျင်ကျောက်၊ နဂါးအမြှီးကိုးချောင်းရစ်ပတ်ခွေ ဇီးပန်းပွင့်၊ ဇာမဏီးလေးကောင် ဆံထိုးကိုပြောတာလား မင်းသမီးလေး"
(T/N နာမည်သုံးမျိုးနဲ့ဆံထိုးပါ သူတို့တရုတ်လိုခေါ်ရင်တော့ကြားလို့ကောင်းမှာပေါ့ မီယမ်မာလိုလည်း အိုင်က နာမည်လှ"လေးမပေးတတ်တော့ ဖတ်ရတာထောက်ရင် အိုင့်အမှားပါ)
နဉ်ရှုကတော့ အင်းလို့သာဖြေလိုက်လေတယ်။
အဲ့လောက်ရှည်တဲ့နာမည်ကြီးကို သူကဘယ်လိုမှတ်မိနေမှာတုန်း ။ မြောင်ချင်ကလည်း ရတနာသေတ္တာထဲက ဇာမဏီဆံထိုးကိုချက်ချင်းထုတ်ပြီး နဉ်ရှုဆံပင်ထဲထိုးပေးလိုက်လေတယ်...အကုန်လုံးကိုစီစဉ်ခွဲခြားပြီးနောက်မှာတော့ နဉ်ရှုက သစ်ခွဥယျာဉ်နန်းဆောင်ကနေ ထွက်လာတော့လေတယ်။သူမထွက်လာတာနဲ့ ဒါဇင်လောက်ရှိတဲ့ တေ။်ဝင်အစောင့်အရှောက်တွေက ပစ္စည်းတွေတင်နေတာကိုတွေ့ပြီး ထိုပစ္စည်းအကုန်လုံးကလည်းမူလ host ရဲ့ ပိုင်ဆိုင်မှုတွေဖြစ်လေတယ် နန်းဆောင်ထဲမှာရှိသမျှအကုန်သိမ်းဆည်းပြီးတဲ့အခါမှာတော့ ပစ္စည်းများစွာဟာလည်း သူမနဲ့အတူပါလာပြီဖြစ်လေတယ်...
မြောင်ချင်ရဲ့ လှပတဲ့မျက်နှာလေးကတော့ ပြိတော့မယ့်မိုးလိုဖြစ်လို့နေလေတယ်...

VOCÊ ESTÁ LENDO
The General Loves A Village Girl (Arc-2) (Complete)
Ficção HistóricaAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023