Chapter - 7(Chp-70:မမျှော်လင့်ထားသော အကျိုးသက်ရောက်မှု)

7.5K 919 8
                                    

Chp-70:မမျှော်လင့်ထားသော အကျိုးသက်ရောက်မှု

နဉ်ရှုကမြောင်ချင်ရဲ့ ပါးနပ်တဲ့အပြုအမူကိုသတိထားမိလိုက်လေတယ်။ထင်ထားတဲ့ အတိုင်းဘဲ နန်းတော်ထဲကမိန်းမတိုင်းက သာမာန်မဟုတ်လေဘူး။သူများတွေသာ ဆိုရင်သူတို့ရဲ့ အသီးအပွင့်တွေတိုးပွားဖို့အတွက်မျိုးစေ့တွေကြဲနေမှာဆိုပေမယ့် မြောင်ချင်ကတော့ ဘယ်အချိန်မှာရပ်ရမယ်မှန်းသိလေတယ်။
နဉ်ရှုကတော့ မူလhostလည်းရိုးရှင်းသည်ဟုမထင်ပေ။ ထီးနန်းလုပွဲအတောအတွင်းသူမက လီဝမ်အတွက် အတော်များများလုပ်ပေးခဲ့ပြီးတော့ မှောင်မိုက်တဲ့အရာတွေကိုတောင်ကြုံခဲ့ဖူးပြီဖြစ်သည်။ဒါပေမယ့် သူမကအတွင်း‌ဆောင်က အမျိုးသမီးတွေကိုရန်သူဖြစ်စေခဲ့တဲ့အတွက်လည်း တော်‌တယ်လို့တော့ဆိုလို့မရပြန်ဘူး။သူမ ကိုယ့်ကိုယ်ကိုသာအထင်ကြီးပြီးတော့ အသက်ရှင်ဖို့အတွက် ယောက်ျားတွေကိုမှီခိုတတ်တဲ့ အတွင်းဆောင်ကအမျိုးသမီးတွေကိုတော်တော်လေးအထင်သေးခဲ့လေတယ်။
အဲ့ဒီအချက်တွေကြောင့်ဘဲ သူမကိုလက်ထပ်ပေးဖို့လုပ်တုန်းကဘယ်သူတစ်ယောက်ကမှသူမဘက်ကမကာပေးခဲ့ကြတာ။သူတို့အားလုံးက သူမကိုအဝေးပို့လိုက်စေချင်ကြတယ်။
သူမရဲ့လူတကာနဲ့အဆင်မပြေအောင်ပေါင်းသင်းတတ်တဲ့ အရည်အချင်းကလည်းထူး"ဆန်း"ကိုတော်"လေးကောင်းလို့နေလေတယ်။နဉ်ရှုက ခနလောက်တွေးပြီးတော့
"ဒါတွေကိုစာရင်းလုပ်ပြီးတော့ တန်ဖိုးချင်းညီတဲ့လက်ဆောင်တွေပြန်ပို့ပေးလိုက်"မင်းသမီးက ဘယ်ဘယ်တော့မှလက်ဆောင်တွေပြန်ပေးလေ့မရှိတာကြောင့်
ပစ္စည်းတွေခွဲနေတဲ့ မြောင်ချင်နဲ့ယွင်တုန် ဟာကြောင်အသွားတော့လေတယ်။သူမရဲ့ ရုတ်တရက်လက်ဆောင်ပြန်ပို့ဖို့ပြောကြားချက်ကသူမတို့ကို တော်တော်လေးလန့်သွားစေခဲ့တယ်။ဒါပေမယ့် သူတို့ကပါးနပ်တဲ့အစေခံတွေဖြစ်တာကြောင့်အလျင်အမြန်ဖြေကကားခဲ့လေတယ်။
လူတွေကြားက အပြန်အလှန်ဆက်သွယ်မှုဆိုတာက နှစ်ဦးနှစ်ဖက်အကျိုးရှိဖို့ဘဲလေ။မူလhostက လက်ဆောင်တွေသာလက်ခံပြီးပြန်မပေးတာက သူတို့နဲ့မပူးပေါင်းနိုင်ဘူးလို့ပြောတာနဲ့ အတူတူဘဲဖြစ်လေတယ်။အဲ့တာ‌ကဘယ်လောက်တောင်စော်ကားရာကျလိုက်သလဲ။ ပြီးတော့မင်းသမီးကအတော်လေးခေါင်းမာလေတယ်။အတွင်းနန်းဆောင်က လူတွေကသူမကိုမကျေမနပ်နဲ့ အံတွေကြိတ်ပြီးကျိန်ဆဲခဲ့ပေမယ့် ဘာမှတော့မလုပ်နိုင်ခဲ့ဘူး။ ပြိုင်တူ‌တွန်းမှရွေ့နိုင်မည်ဆိုတဲ့အတိုင်း မင်းသမီးကအဲ့လိုအမှားတွေအများကြီးလုပ်မိတဲ့အတွက် သူမရဲ့အဆုံးသတ်ကမကောင်းခဲ့တာ။
မြောင်ချင်က "မင်းသမီး တကယ်ကိုလက်ဆောင်တွေပြန်ပို့မလို့လား..?"
"အဲ့တာက သူတို့ကို မျက်နှာသာပေးနေတာနဲ့ အတူတူပါဘဲ" ဆိုပြီးပြောလေတယ်။
နဉ်ရှုကတော့ဘာမှ ပြန်မပြောဘဲအကြည့်တစ်ချက်သာပေးလိုက်လေတယ်။ အဲ့တာကဘဲ မြောင်ချင်ကိုအလွန်မသက်မသာခံစားလိုက်ရစေလေတယ်။ သိပ်မကြာခင်ကမှမင်းသမီးလေးကအလွန်ခံစားနေရတာ သူနဲ့ယွင်တုန်အမြင်ဘဲ။ဒါပေမယ့်အခုတော့ မင်းသမီးကအရမ်းတည်ငြိမ်နေတဲ့အတွက် အဲ့တာကကြောက်စရာတောင်ကောင်းလို့နေလေတယ်။*မဟုတ်မှလွဲရောသူမခံစားရလွန်းလို့ရူးသွားတာတော့ မဟုတ်ဘူးမလား*သေခိာတာပေါ့သူတို့အပြင်မှာထုတ်မပြောပါဘူး။‌သူမတို့နှစ်ယောက်က သိပ်ပြီးတော့ဆန္ဒမရှိပေမယ့်လည်း သူတို့ရဲ့တာဝန်ကိုတော့သေချာလုပ်ကြပါတယ်။သိပ်မကြာခင်မှာဘဲ အတွင်းနန်းဆောင်ရဲ့နေရာအသီးသီးမှာ လက်ဆောင်တွေရောက်လို့နေတော့လေတယ်။ကြင်ယာတော်တွေနဲ့ ကိုယ်လုပ်တော်တွေဟာ ကျားဟွေ့မင်းသမီးဆီက လက်ဆောင်ပြန်ရတဲ့အတွက် အံ့ဩပြီးပျော်ရွင်ကုန်ကြတော့လေတယ် သူတို့ရဲ့တုံ့ပြန်မှုတွေကလည်း ခံစားချက်အမျိုး"နဲ့ရှုပ်ထွေးလို့နေလေတယ်။ဒါပေမယ့်ဒီအကြောင်းကိုတော့ အချိန်အကြာကြီးပြောမနေကြပါဘူး။
နဉ်ရှု ဟာတော့သူမ တွမ်ရှင်းဟွေ့ကိုသွားရှာသင့်လားဆိုတာကိုစဉ်းစားနေပြီး သိပ်မကြာခင်မှာဘဲလက်လျော့လိုက်လေတယ်။ဒီအချိန်ဆို တွမ်ရှင်းဟွေ့ကို အားရာကကယ်ပြီးလောက်နေပြီ သူမသွားတော့ရောဘာထူးမှာမလို့လဲ။ပြီးတော့ သူမကမင်းသမီးတစ်ယောက်ဖြစ်တဲ့အတွက် အစောင့်အရှောက်ပလုံ‌အလောက်နဲ့ အဆောင်အယောင်တွေလည်းပါအုန်းမှာဖြစ်တယ်။ နယ်စပ်ရောက်တာနဲ့ အေးစက်နေတဲ့ဟင်းတွေလိုဖြစ်နေမယ့်ဆက်ဆံရေးအတွက်တော့ အပင်ပန်းမခံတော့ဘူး...။
အကယ်၍သူတို့နှစ်ယောက်ကြားမှာသာ အချစ်စစ်ရှိခဲ့ရင် ကံကြမ္မာကသူတို့ကိုသေချာပေါက်ပေါင်းစည်းပေးမှာ။ တွမ်ရှင်းဟွေ့နဲ့အားရာဟာ အောင်သွယ်တောင်မလိုဘဲနီးစပ်လာခဲ့ကြတာ။ဒဏ်ရာရနေတဲ့ တွမ်ရှင်းဟွေ့ကို ဂရုစိုက်တဲ့အချိန်အတွင်းမှာမလွဲရှောင်သာဘဲ ထိတွေ့မှုတွေရှိခဲ့လေတယ်။ ရင်းနှီးကျွမ်းဝင်မှုကချစ်ခြင်းမေတ္တာကိုဖြစ်စေခဲ့ပြီးတော့ မီးလောင်နေတဲ့ထဲသစ်သားခြောက်တွေထည့်လိုက်သလိုဘဲ သူတို့ရဲ့အချစ်မီးတောက်ကလည်းကြီးထွားလာလေတယ်...။
တိုတိုပြောရရင် သူတို့နှစ်ယောက်ကမေတ္တာနွံထဲကျသွားပြီးတော့ နှစ်ယောက်ကကားမှာအချစ်စစ်ဖြစ်ပေါ်လာတာဖြစ်လေတယ်။သူမရဲ့တာဝန်တွေက တွမ်ရှင်းဟွေ့အားရာ ကိုမြို့တော်ခေါ်လာမှစမှာဖြစ်တဲ့အတွက် သုမကအခုအချိန်အတွင်းမှာ အိုကျန်းမာလာအေယင်လုပ်ဖို့နဲ့ မင်းကြီးရဲ့အမြင်ကောင်းကိုပြန်ရဖို့အတွက်ကြိုးစားတော့လေတယ်။သူမက လက်ထပ်ထိန်းမြားတာကို မခံချင်တဲ့အတွက်သူမကိုယ့်ကိုယ်ကိုတန်ဖိုးထားရမှာဖြစ်လေတယ်..။
နဉ်ရှု..;ငါ လီဝမ်ကိုကူညီနိုင်တဲ့ဟာဘာရှိလဲ..?လက်ဖက်ရည်ယူသွားပြီးထည့်ပေးတာ မျိုး..?ဒါကလုပ်ပေးမယ့်လူအများကြီးရှိတယ်!
သူမအပေါ်ပိုနှစ်သက်လာပြီး သူတို့မောင်နှမကြားကသံယောဇဉ်တိုးလာအောင်လုပ်ဖို့အခွင့်‌အရေးသိပ်မရှိပေမယ့် ကြိုးစားကကည့်တာလည်းမဆိုးဘူးမလား...။
နဉ်ရှုကျန်းမာရေးတိုးတက်အောင်ပြန်လည်လုပ်ဆောင်နေ‌ပြီးတော့ သူမမျက်နှာမှာလည်းအပြုံးတစ်စက်မှ မရှိတဲ့အတွက်မြောင်ချင်နဲ့ယွင်တုန်ဟာစိတ်ရှုပ်ထွေးနေပြီးတော့ ချောက်ဖျားမှာရပ်နေသလို ခံစားရနေလေတယ်။သူတို့ဟာ အပြောအဆိုကအစသတိထားနေပြီးတော့‌ မြောင်ချင်ဆိုနဉ်ရှုရဲ့ဒေါသကိုတောင်လာမဆွတော့လေဘူး..။
နဉ်ရှုက ယွင်တုန်မျက်လုံးတွေနီနေတာကိုသတိထားမိခဲ့ပြီးသူမမေးလိုက်တိုင်း ယွင်တုန်ကမျက်စိစောင်းကြည့်တာများသွားလို့ မဟုတ်ရင်ဝမ်းရောဂါကြောင့်ဆိုပြီးတော့သာ ပြောလေတယ်။
နဉ်ရှုက သူမတို့‌နှစ်ယောက်ကိုအဓိပ္ပာယ်ပါတဲ့အကြည့်တွေနဲ့ကကည့်လေ့ရှိပြီး သူမရဲ့လျှို့ဝှက်တဲ့အကြည့်တွေကသူမတို့နှစ်ယောက်ကိုကြောက်‌လန့်စေလေတယ်..။
သူမတို့က မင်းသမီးကသူမတို့ရဲ့အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်တွေကိုပါဖတ်နိုင်တ။်လို့ခံစားရပြီး နဉ်ရှုကိုပိုပြီးတော့တောင်ဂရုတစိုက်နဲ့ဆက်ဆံတော့လေတယ်..။သူတို့ရဲ့နားလည်စွမ်းမြင့်မားတဲ့ခစားမှုတွေကြောင့်နဉ်ရှဟာနေ့ရက်တွေကိုလွယ်လွယ်ကူကူနဲ့ဖြတ်သန်းနေခဲ့ပြီး သူမဟာဒီအကျိုးအမြတ်တွေကိုတွေးတောာင်မတွေးမိခဲ့ပေ...။

The General Loves A Village Girl (Arc-2) (Complete)Donde viven las historias. Descúbrelo ahora