Chapter - 64

2.6K 378 3
                                    

Chapter 127: အမတ်ကြီးတွေထကန့်ကွက်
___

Translated by - Dancing_Breeze

ဒီကိစ္စပြီးတဲ့နောက် နဉ်ရှု စစ်တပ်ထဲမှာ ဂုဏ်သတင်းကြီးလာခဲ့သည်။ ဒါက အကြောက်တရားကိုဖြစ်ပေါ်စေတဲ့ဂုဏ်သတင်းဖြစ်၏။ သို့သော်ငြား နဉ်ရှုကတော့ သူမဂရုစိုက်ဘူးလို့ဖော်ပြသည်။

သူမကိုအံ့ဩသွားစေတာက ချိုင်စန်းလည်း သိုင်းပညာသင်လာတဲ့ကိစ္စပင်။ သူမက နဉ်ရှုကို နေ့တိုင်းခစားကာ – နဉ်ရှုကို အဖော်ပြုပေး၊ နဉ်ရှုရဲ့အဝတ်တွေလျှော်ပေးပြီး နဉ်ရှုအတွက် စားစရာလုပ်ပေးသည်။ သို့သော်ငြား ဒီအလုပ်တွေကြားမှာ သူမက သိုင်းပညာလေ့ကျင့်ဖို့အချိန်ယူသည်။ သူမက စစ်မြေပြင်ကိုသွားပြီး ရန်သူတွေကိုသတ်ချင်တယ်လို့ပြောတာမို့ နဉ်ရှုက သူမကို သူမစိတ်တိုင်းကျလုပ်ခွင့်ပေးထားသည်။

နဉ်ရှုရဲ့ဂုဏ်သတင်းက ရက်စက်လွန်းတာကြောင့်ဖြစ်နိုင်သည်၊ လူတွေမှာ အားကောင်းတဲ့အမြင်မရှိဘဲမနေနိုင်ကြတော့ပေ၊ သို့သော်ငြား ခိုကိုးရာမဲ့နေတဲ့မိန်းကလေးတွေနဲ့ တာတာတွေဖျက်ဆီးတာခံလိုက်ရတဲ့မိန်းကလေးအတော်များများက နဉ်ရှုဆီ အကူအညီလာတောင်းကြသည်။

ခဏလေးအတွင်းမှာပင် လူတစ်ရာကျော်စုမိလာပြီး သူတို့က အမျိုးသမီးစစ်တပ်ဖြစ်လာသည်။ ဒါက ငြီးငွေ့ဖွယ်စစ်တန်းလျားကို သက်ဝင်မှုအနည်းငယ်ပေးစွမ်းသည်။

ဒီအမျိုးသမီးတွေအားလုံးက ကြိုးစွန်းရောက်နေပြီဖြစ်ပြီး နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ နဉ်ရှုဆီရောက်လာကြတာဖြစ်သည်။ သူတို့အားလုံးက အငြိုးကြီးပြီးဆုံးဖြတ်ထားတဲ့အမူအရာတွေနဲ့ စစ်မြေပြင်ကိုသွားပြီး လက်စားချေချင်တဲ့ဆန္ဒကိုဖော်ပြကြသည်။

နဉ်ရှုက အဲ့အကြောင်းစဉ်းစားလိုက်ပြီး သူမရဲ့အမိန့်ကိုပဲနာခံမယ့် ယုံကြည်ရတဲ့ငယ်သားတွေနဲ့တပ်တစ်တပ်ဖွဲ့ဖို့က အတော်လေးအရေးကြီးတယ်လို့တွေးလိုက်မိတာမို့ သူမက ဒီအမျိုးသမီးကိုလက်ခံပြီး အခြေခံသိုင်းပညာတွေသင်ပေးသည်။

ဒီအမျိုးသမီးတွေက ဘဝမှာရည်ရွယ်ချက်အသစ်တစ်ခုရှာတွေ့သွားတာကြောင့်ထင်၏၊ သူမတို့တွေက စိတ်ဓာတ်ကျမနေကြတော့ဘဲ အမျိုးသားစစ်သည်တွေထက် ပိုရက်စက်ကြသည်။ ခွန်အားအရာမှာ အမျိုးသမီးတွေက အမျိုးသားတွေကိုမယှဉ်နိုင်လောက်ပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေရဲ့ဇွဲလုံ့လကို လုံးဝမယှဉ်နိုင်ပေ။

The General Loves A Village Girl (Arc-2) (Complete)Donde viven las historias. Descúbrelo ahora