Chapter-51

2.9K 406 20
                                    

Chapter 114: မင်းသမီးလေး အန္တရာယ်ကင်းကင်းနဲ့ ပြန်လာရမယ်နော်

စစ်တိုက်ထွက်ဖို့အချိန်ရောက်လာတဲ့အချိန်မှာတော့ နဉ်ရှုဟာအလွန်စိတ်လှုပ်ရှားလို့နေတယ် ၊ သူမဟာ ချပ်ဝတ်တန်ဆာအပြည့်အစုံဝတ်ထားပြီးတော့ ခေါင်းစွပ်အောက်က သူမဆံပင်တွေကို ညှပ်ထားပြီးတော့ ဆံထုံးအဖြစ်ထုံးကာ သိမ်းထားလေတယ်။သူမနောက်ကျောက အနီရောင်ဝတ်ရုံဟာလည်း လေထဲတလှပ်လှပ် လွင့်လို့နေတယ်။

နဉ်ရှုကကြေးနီမှန်ထက်ကသူမရဲ့ပုံရိပ်ကိုကြည့်ပြီးအလွန်ကျေနပ်လို့နေတယ်။

"မင်းသမီးကိုကြည့်ရတာ ဩဇာညောင်းတဲ့စစ်သူကြီးနဲ့တူတယ် ၊ မင်းသမီးကတကယ်ကို အခန့်ငြားဆုံးစစ်သူဖြစ်မှာသေချာတယ်”ဆိုပြီး ရှောင်ဟုန်ကချီးကျူးလေတယ်။

"ကောင်မစုတ်လေး မင်းကစကားကိုဘယ်လိုပြောရမယ်ဆိုတာကိုသိတာဘဲ” နဉ်ရှုက ရှောင်ဟုန်ရဲ့ နှာဖျားလေးကိုထိပြီးတော့ပြောလိုက်တယ် "ဒီမင်းသမီးသွားလိုက်အုန်းမယ် နန်းဆောင်ကို ကောင်းကောင်းစောင့်ရှောက်ထား"

"ဒီအစေခံ....ဒီအစေခံက မင်းသမီးပြန်လာတာကိုစောင့်နေပါ့မယ်" ရှောင်ဟုန်ကပြောရင်းနဲ့ မျက်ရည်တွေဝိုင်းလာပြီးတော့ "မင်းသမီး သေချာပေါက်ကို အန္တရာယ်ကင်းကင်းနဲ့ပြန်လာရမယ်နော်" ဆိုပြီးပြောလေတယ်။

ရှောင်ဟုန်ရဲ့ မေတ္တာတွေပြည့်နေတဲ့အကြည့်အောက်မှာ နဉ်ရှုရဲ့ ခေါင်းထဲတွင် ထူးဆန်းသော အတွေးတစ်ခု ထွက်ပေါ်လာသည်။ရှောင်ဟုန်ရဲ့ အမူအရာမှာ စစ်မြေပြင်ကိုထွက်ခွာတော့မယ့် ခင်ပွန်းသည်ကိုနှုတ်ဆက်နေတဲ့ပုံပေါက်လို့နေတယ် ။ နဉ်ရှုကချက်ချင်းဘဲ နှုတ်တောင်မနှုတ်ဆက်ဘဲထွက်သွားတော့လေတယ် ၊ အရှင်ဘုရားရေ~~ ဘာမှမတတ်နိုင်တဲ့အဆုံးနဉ်ရှုဟာ ဒီအကြည့်စူးစူးအောက်ကနေထွက်ပြေးဖို့သာလုပ်တော့လေတယ်။

"မင်းသမီးလေး သေ‌ချာပေါက် အန္တရာယ်ကင်းကင်းနဲ့ပြန်လာမယ်နော် ဒီ‌အစေခံကမင်းသမီးလေးကိုစောင့်လို့နေပါ့မယ်~~" ဆိုပြီး ရှောင်ဟုန်ကနဉ်ရှု ထွက်သွားရာဘက်ကိုအော်ပြီးတော့ လက်ကိုင်ပုဝါကိုလှုပ်ယမ်းကာနှုတ်ဆက်လေတယ်။

The General Loves A Village Girl (Arc-2) (Complete)Onde histórias criam vida. Descubra agora