Chp -82 ; မင်းသမီးတစ်ပါးကလည်း လယ်စိုက်ရမယ်
နဥ်ရှုက သူမရဲ့လေ့ကျင့်မှုအဆင့်ဆင့် ကိုကြိုးစားလေ့လာနေပြီးတော့ တခြားလုပ်စရာတွေကို အကုန် ဘေးဖယ်ထားလေတယ် ။ နဥ်ရှုရဲ့ လက်ရှိခန္ဓာကိုယ် အခြေအနေက အရင်ကလို အစားအလွန်အကျွံစားဖို့မလိုတော့ ဘဲ နောက်ထပ်ထူးဆန်းတဲ့ နည်းတစ်မျိုးနဲ့ စတင်ပြောင်းလဲလာနေလေတယ် ။
အခုဆို သူမခန္ဓာကိုယ်မှာ အားသိပ်မကောင်းသေးတဲ့ စွမ်းအင်တချို့လည်း စတင်စီးဆင်းနေပြီဖြစ်လေတယ် ။အဲ့ဒီစွမ်းအင်အနည်းငယ်ဟာသူမရဲ့ ခန္ဓာကိုယ်အနှံ့ပျံ့ သွားပြီးတော့ သက်တောင့်သက်သာ ဖြစ်စေတဲ့ အနွေးဓာတ်လေး စီးဆင်းနေပြီးတော့ အားအင်ပြည့်နေစေတဲ့ အပြင် အသက်စွမ်းအင်တစ်ချို့နဲ ပြည့်နေစေလေတယ် ။
သူမရဲ့စိတ်က တစ်ခါမှမရှိဘူးတဲ့ ကြည်လင်မှုတွေနဲ့ ပြည့်နေပြီးတော့ သူမရဲ့ စိတ်ကလည်းတည်ငြိမ်လို့နေလေတယ် ၊ သူမရဲ့ အတွေးတွေထဲမှာလဲ ကမ္ဘာကြီးက အလွန်ကိုလှပပါလားဆိုတဲ့ အတွေးတွေ နဲ့ ပြည့်လို့နေလေတယ် ။
အဲ့ခံစားချက်က အရမ်းကို မှော်ဆန်လေတယ် ၊ နဥ်ရှုက သူမရဲ့ လက်မောင်းကို ပွတ်ကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒါက အရင်လို နူးညံ့ပြီးချောမွေ့နေဆဲ ဖြစ်ပေမယ့် စွမ်းအင်တွေနဲ့ ပြည့်နေတာကို ခံစားလိုက်ရလေတယ် ။ ကံကောင်းစွာနဲ့ အဲ့ တာက ကြွက်သားတွေကိုတော့ မကြီးထွားလာစေဘူး ။
စွန့်စားခန်းတစ်ခုကိုအောင်မြင်စွာ ပြီးဆုံးသွားတဲ့နောက်မှာတော့ နဥ်ရှုဟာ အောင်မြင်မှုအကြီးကြီး ရရှိသွားတယ်လို့ ခံစားလိုက်ရလေတယ် ။ အဲ့ဒါနဲ့ သူမလည်းအောင်ပွဲခံတဲ့ အနေနဲ့ အစေခံအုပ်စုလိုက်ကြီးနဲ့ အတူ တော်၀င် ဥယျာဥ် တစ်နည်းအားဖြစ် မူလ host ရဲ့ ဥယျာဥ်တော်ကို ချီတက်သွားလေတယ် ။
တော်၀င်မိသားစုပိုင် ဥယျာဥ်ဟာအတော်လေးကြီးပြီးတော့ အထဲမှာ သစ်သီးခြံ ၊ စိုက်ပျိုးမြေ နဲ့ အသီးအရွက်စိုက်ခင်းမျိုးစုံရှိလေတယ် ။
နဥ်ရှုက ဒီကိုလာတာ အကြံအစည် နဲ့လာတာဖြစ်လေတယ် ၊ နေ့စဥ် မရှိမဖြစ်လိုအပ်ချက်တွေဖြစ်တဲ့ စားသောက်နေရေးမှာတောင် အစားအစာက အရင်လာတာမလား ၊ သူမက ဒီကမ္ဘာမှာ အာလူးတို့ ကန်စွန်းဥ တို့လိုမျိုး စိုက်ရလွယ်ပြီး လွယ်လွယ် နဲ့မသေနိုင်တဲ့ အပြင် ဗိုက်ပြည့်လွယ်တဲ့ အပင်မျိုးရှိရဲ့လား ဆိုတာ သိချင်လို့ဖြစ်လေတယ် ။ သဘာ၀ဘေးအန္တရာယ် ဖြစ်ခဲ့ရင်လည်း အဲ့လိုအပင်မျိုးက ရိက္ခာအဖြစ် စုဆောင်းထားလို့ရတဲ့အတွက် အသက်တွေလည်း ကယ်နိုင်လေတယ် ။
KAMU SEDANG MEMBACA
The General Loves A Village Girl (Arc-2) (Complete)
Fiksi SejarahAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023