Chp-81;အဝလွန်နေပြီဖြစ်သော မင်းသမီးလေးဆိုသည့် အတင်းစကားများ
နဉ်ရှုဟာ ချိုးနှိမ်ထား၍မရသော ကိုယ်ခံအားများစာအုပ်ထဲက လမ်းစဉ်တွေကို စကျင့်ထဲကနေပြီးတော့ သူမရဲ့ အိပ်ချိန်ရော အစားအသောက်တွေရော အကုန်မေ့ပစ်ထားလိုက်လေတယ် ၊ အဟမ်း အစားအသောက်အကြောင်းမေ့ထားတယ်ဆိုတာကတကယ်မဟုတ်ပေမယ့်ပေါ့လေ ။
သူမ ကနေ့တိုင်း အစားအများကြီးစားနေရတာဖြစ်တဲ့ အတွက်မေ့ချင်ရင်တောင် မေ့လို့မရဘူးလေ ၊ ယွင်တုန်ကတော့ နဉ်ရှု အစားစားတဲ့ အချိန်တိုင်း ကြောင်အစွာနဲ့သာငေးကြည့်နေလေတယ်။ထမင်းစားချိန်တိုင်းမှာ မင်းသမီးလေးဟာ သူမရဲ့ ဗိုက်ပေါက်ထွက်ခါနီးအထိကို စားလိမ့်မယ် ၊ ပြီးရင် နောက်ထပ် လေးနာရီလောက် ကြာလို့ ထမင်းစားချိန်ရောက်လာရင် ပုံမှန်အတိုင်းပြန်ဖြစ်နေပြီ ၊ အဲ့လိုမျိုးအကြိမ်ကြိမ်ဖြစ်နေတာက တကယ်ကို ထိတ်လန့်စရာကောင်းလေတယ် ။
ယွင်တုန်တကယ်ကို သူမရဲ့ သခင်မကို အဲ့လောက်အများကြီးမစားဖို့ပြောချင်ပေမယ့် သူမနဲ့အကြည့်ချင်းစုံ လိုက်တိုင်း သူမ စိတ်ကကြောက်ရွံ့လို့နေလေတယ် ၊ သူမ(NS)ရဲ့ အကြည့်တွေက သူမရဲ့(YD) ဟိုးစိတ်အနက်ရှိုင်းဆုံးထိ ထိုးဖောက်မြင်ရပြီး အကုန်လုံကိုဖြတ်ဖောက်ပြီး အလင်းထဲရောက်နေသလိုခံစားရလေတယ် ။
နောက်ဆုံးမှာတော့ ယွင်တုန်က တားဖို့မစဉ်းစားတော့လေဘူး ၊ ဘာဘဲဖြစ်ဖြစ် သူမရဲ့သခင်မက သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် ဖျက်ဆီးနေတာဘဲလေ ။
အဲ့နောက်မှာတော့ ထူးဆန်းတဲ့ အတင်းတစ်ခုက မင်းသမီးအိမ်တော်မှာ ပြန့်သွားလေတယ် ။
အဲ့တာကတော့ မင်းသမီးလေးက အသဲကွဲတဲ့ ခံစားချက်ကြောင့် ရူးသွပ်သွားပြီးတော့ အခန်းထဲကနေ အပြင်လည်းမထွက်ဘဲ စားဘဲ စားနေပြီးတယ်ဆိုတာရယ် ၊ မင်းသမီးလေးကျားဟွေ့ ဟာ အလွန်ကို ဝ နေပြီဆိုတာရယ်ပါဘဲ ။ဒီ သတင်းကဘယ်လောက်တောင် ပြန့်သွားလည်း ဆိုတော့ မြို့တော်မှာ နေတဲ့ လီဝမ်တောင် ဒီသတင်းကို ကြားပြီးနဉ်ရှုကို နန်းတော်ကို အမြန်ပြန်လာဖို့ ခေါ်လေတယ်။ နဉ်ရှုနည်း"လေးမှမဝလာတာတွေ့တော့မှ သူဟာ သက်ပျင်းချလိုက်လေတယ်။

VOCÊ ESTÁ LENDO
The General Loves A Village Girl (Arc-2) (Complete)
Ficção HistóricaAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023