Chapter -62

2.6K 370 13
                                    

Chapter 125: သူတို့ကိုသူတို့ ယောက်ျားတွေလို့တွေးတဲ့သူတွေ
____

ဟယ့်လျန်ယင်းက အဖမ်းခံထားရတဲ့တာတာတွေကို လက်လျှော့လိုက်ကာ မြင်းကိုပြန်လှည့်ပြီးထွက်သွားဖို့ပြင်၏။ နဉ်ရှုက အေးစက်စွာရယ်သည်။ ယုံနိုင်ငံမြေပေါ်မှာ နင့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်များ ထင်နေလား?

သူမက သူမရဲ့လေးနဲ့မြားကိုယူကာ လေးကို လပြည့်ဝိုင်းကြီးပုံစံဖြစ်သွားအောင်ဆွဲ၏။ မြားဦးက ဟယ့်လျန်ယင်းရဲ့ကျောကိုချိန်ရွယ်နေရင်း အေးစက်စက်အလင်းဖြင့် တလက်လက်တောက်နေသည်။

သူမ လေးကြိုးကိုလွှတ်လိုက်သည်၊ မြားက ဟယ့်လျန်ယင်းဆီ ဦးတည်ပျံသန်းသွား၏။ သို့သော်လည်း သူက ချက်ချင်းဆိုသလိုပင် မြင်းကျောပေါ်ဝပ်ချလိုက်တာမို့ မြားက သူ့ကိုကျော်သွားပြီး ရှေ့မှာရှိနေတဲ့သစ်ပင်ရဲ့ပင်စည်ကို သွားစိုက်သည်။

ဟယ့်လျန်ယင်းမှာ ပင်စည်က မြားကိုကြည့်လိုက်မိပြီးနောက် နဉ်ရှုကို ပြန်လှည့်မကြည့်ဘဲမနေနိုင်တော့။ သူမက မြင်းပေါ်မှာ ခပ်မတ်မတ်ထိုင်နေပြီး သူမရဲ့အေးစက်စက်အကြည့်က လူသတ်လိုစိတ်တွေပြည့်နေသည်။

ဟယ့်လျန်ယင်းကိုသတ်တာ ကျရှုံးသွားတာမို့ နဉ်ရှု နည်းနည်းတော့စိတ်ပျက်သွားသည်။ သူတို့ပြောသလိုပဲ၊ မကောင်းတဲ့လူတွေက အသက်တစ်ထောင်ကျော်နေရတယ်။

[T/N : လူကောင်းတွေက ငယ်ငယ်ရွယ်ရွယ်မှာသေဆုံးရပြီး မကောင်းတဲ့လူတွေက အသက်တစ်ထောင်ကျော်နေရတယ်ဆိုတဲ့ တရုတ်စကားပုံတစ်ခုရှိပါတယ်။]

ဟယ့်လျန်ယင်း ဒီလောက်လွယ်လွယ်သေမယ်ဆိုတာ တကယ်ကိုသဘာဝမကျဘူး။ မူလခန္ဓာရှင်နဲ့ဟယ့်လျန်ယင်းက သူတို့ရဲ့ပြီးခဲ့တဲ့ဘဝတုန်းက လက်ထပ်ပြီးခဲ့ကြတော့ အတူတူရှိနေဖို့ကံပါလာတာဖြစ်မယ်။ ဒီလိုကံကြမ္မာချည်နှောင်မှုမျိုးက ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်ဖြတ်တောက်လို့ရမှာလဲ?

နဉ်ရှုက ထိုအကြောင်းတွေးနေသည်ကိုရပ်ကာ နောက်လှည့်ပြီးအေးစက်စွာဆို၏။

"စစ်မြေပြင်ကိုရှင်းလင်းပြီး တိုက်ပွဲကျသွားတဲ့စစ်သည်တွေအားလုံးရဲ့နာမည်ကိုမှတ်ထား။ သူတို့ရဲ့အကျိုးပြုမှုတွေကို တွက်ချက်ပြီး သင့်တော်သလိုဆုချီးမြှင့်လိုက်။ သူတို့မိသားစုတွေကို လျော်ကြေးသုံးဆပေးလိုက်။"

The General Loves A Village Girl (Arc-2) (Complete)Où les histoires vivent. Découvrez maintenant