CHP;79- ရတနာလို တန်ဖိုးထားရတဲ့စာအုပ်
မင်းသမီးအိမ်တော်ကတော်တော်လေးကိုကျယ်ပြီးတော့အဆောင်ငယ်လေးတွေအများကြီးရှိပြီး ရောင်စုံဖန်ပြားတွေ ကြွေပြားတွေနဲ့ဆောက်လုပ်ထားလေတယ် ။ ကျောက်တုံးလေးတွေစီထားပြီးရေ၀နေတဲ့ ပန်းပင်လေးတွေနဲ့ပြည့်နေတဲ့ ဥယျာဥ်လေးရဲ့ရှုခင်းကလည်း အလွန်ကြည့်ကောင်းလို့နေလတယ်။ နဥ်ရှုရဲ့သဘောထားအရတော့ ဒီနေရာက သက်တောင့်သက်သာရှိပြီး တော့ အလည်အပတ်အတွက်လာလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်လေတယ်။
သေတ္တာပေါင်းများစွာဟာ မင်းသမီးစံအိမ်ထဲကို တစ်ခုပြီးတစ်ခု ရွေ့လာတာလေတယ် ။ဒီအိမ်က သခင်မရှိတာ တေော်တော်လေးကြာနေပြီဆိုနေပေမယ့်လည်း တော်တော်လေးကို သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းတော့ရှိလေတယ်။ အဲ့တာ အပြင်အစေခံတွေကလည်း တညီတညာထဲနဲ့ သူတို့ရဲ့ သခင်အသစ်ကိုစောင့်နေကြလေတယ်။ နဥ်ရှုက သူ့ရဲ့အခန်းကိုတွေ့တဲ့ အခါမှာတော့ တော်တော်လေးကို ကျေနပ်သွားလေတယ်..
အင်း အခုကစပြီး ဒါကသူမအိမ်ဘဲ...နန်းတော်ထဲမှယထက်စာရင်တော့ အများကြီးသက်တောင့်သက်သာရှိတယ်..အဲ့တာတွေထက်ပိုပြီး တော့ကောင်းတာက ကြောက်စရာကောင်းပြီး ဘာတွေးနေမှန်းမသိတဲ့ လီဝမ်ကိုတွေ့စရာမလိုတာဘဲ...
ယွင်တုန်ကတော့ အခန်းအပြင်အဆင်တွေကိုကြည့်ပြီးတော့ နဉ်ရှုအစားညည်းညူပေးသလိုနဲ့
"ဒီအခန်းက တော်"လေးကိုသေးတဲ့ အပြင်မင်းသမီးရဲ့ နန်းတော်က အဆောင်နဲ့ယှဉ်ရင် တော်တော်လေးကို ရိုးရှင်းနေတာဘဲ " ဆိုပြီးပြောလေတယ်။
နဉ်ရှုကတော့ သူမကိုမထူးခြားနားတဲ့ အကြည့်တချက်ပေးလိုက်ပြီးတော့ "ဒီအိမ်တော်က တော်ဝင်အကိုတော်က ဒီမင်းသမီးကိုချီးမြှင့်ထားတဲ့ဟာ ၊ အကိုတော်ပေးသမျှ ဘာမဆို ဒီမင်းသမီး သဘောကျတယ် " ဆိုပြီးအေးစက်စက်ပြန်ပြောလိုက်လေတယ်။
သူမခုနကပြောလိုက်တဲ့ စကားက ဘယ်လိုအဓိပ္ပာယ်ရောက်သွားလဲ ဘယ်လောက်တောင် မလေးစားရာကျသွားလဲ ဆိုတာ သတိထားမိလိုက်တဲ့ ယွင်တုန်က ကြောက်လန့်သွားပြီးတော့ ချက်ချင်းဘဲ "ဟုတ်...ဟုတ်ပါတယ် အရှင်မင်းကြီးက အလွန်ကိုအမျှော်အမြင်ရှိလှပါတယ်" ဆိုပြီးစကား အလျှင်အမြန်ပြင်လိုက်လေတယ်။

STAI LEGGENDO
The General Loves A Village Girl (Arc-2) (Complete)
Narrativa StoricaAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023