Unicode
၈၉။ မွေးရာပါဗိုလ်ကျခြယ်လှယ်နိုင်တဲ့အဓိကဇာတ်ကောင်ရောင်ဝါကို မပြောနဲ့တော့
___________________ကြည့်ရတာတော့ လီဝမ့်ဘက်မှာနေပြီး သွမ့်ရှင်းဟွေ့နဲ့မပတ်သတ်တာက လမ်းကြောင်းမှန်ဟ။ သူမက ဉာဏ်ကြီးရှင်ပဲ!
နဉ်ရှုက လီဝမ့်ကို အရိုအသေပေးကာ ခိုင်မာစွာဆို၏။
"ဒီညီမတော်မှာ သွမ့်ရှင်းဟွေ့အတွက် ဘာခံစားချက်မှမရှိတော့ပါဘူး၊ ပြီးတော့ သူနဲ့ ဘာပတ်သက်မှုမျိုးမှလည်း ထပ်ရှိတော့မှာမဟုတ်ပါဘူး။ ဒီညီမတော်က တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကို သေချာပေါက်ထိန်းသိမ်းမှာပါ။"
လီဝမ်က ခေါင်းမငြိမ့်ခင် နဉ်ရှုကိုစိုက်ကြည့်သည်။
"မင်းနားလည်တာကောင်းတယ်။ သွမ့်ရှင်းဟွေ့က အရမ်းကြီးကောင်းတဲ့ယောက်ျားမဟုတ်ဘူးဆိုတာ ဒီကိစ္စကနေမြင်နိုင်တယ်။ သူက စစ်ချီတာကိုဦးဆောင်နေတုန်းမှာ မိန်းမတစ်ယောက်ကိုခေါ်လာပြီး စစ်သူကြီးတစ်ယောက်ရဲ့ကျင့်ဝတ်တွေကို လျစ်လျူရှုနေတာ အသိသာကြီးပဲ။"
နဉ်ရှုက ထောက်ခံကြောင်းပြသည်။
"အစ်ကိုတော်မှန်ပါတယ်။ အစ်ကိုတော် အရမ်းမှန်ပါတယ်!"
လီဝမ်က မသိမသာလေးပြုံးလိုက်ပြီးနောက်ဆို၏။
"မင်း ပြန်လို့ရပြီ။"
နဉ်ရှုက ဦးညွှတ်ကာ ပြန်ထွက်သွားတော့မည်အလုပ် မီးခိုးလုံးလေးက သူမရဲ့ဝတ်ရုံထဲကနေခုန်ထွက်ကာ လီဝမ့်ဆီ ခပ်သွက်သွက်ပြေးသွား၏။
နဉ်ရှုမှာ ကြောက်လန့်ကာ ဘောင်းဘီထဲရှူးပေါက်ချမိတော့မလိုဖြစ်သွားသည်။ ဒီအကောင်ပေါက်လေးရဲ့လက်သည်းတွေက အရမ်းထက်တာ။ အဲ့ဟာလေးသာ လီဝမ့်ကို ဒဏ်ရာရအောင်လုပ်လို့ကတော့ သူမတော့ အသက်ဆယ်ချောင်းနဲ့တောင် အလျော်ပေးနိုင်မှာမဟုတ်ဘူး။ အဲ့အချိန်ကျ စေ့စပ်တာကို စိုးရိမ်ဖို့တောင်မလိုတော့ဘဲ သေဒဏ်စီရင်တဲ့နေရာကို တန်းရောက်သွားလိမ့်မယ်။
"အစ်ကိုတော်၊ ရှောင်...လိုက်"
နဉ်ရှု အလိုလိုပင်အော်မိရသည်။ အဆုံးတွင်တော့ သူမရှေ့ရှိမြင်ကွင်းက သူမကိုနင်သွားစေပြီး အကြီးအကျယ်စိတ်ဓာတ်ကျသွားစေသည်။

YOU ARE READING
The General Loves A Village Girl (Arc-2) (Complete)
Historical FictionAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023