Chapter-52

2.8K 395 12
                                    

Chapter 115 : ရွှေခေတ်ကိုဖန်တီးချင်တဲ့စ်ကို့ဆန္ဒကိုဖြည့်ဆည်းပေးမယ်
_____
Translated by: Dancing_Breeze

အာဏာနဲ့ရည်ရွယ်ချက်ရှိတဲ့အမျိုးသားတွေက အလွန်ပင်ဆွဲဆောင်မှုရှိသည်။ ထိုအချိန်တွင် သူတို့ရဲ့ထောင်ပေါင်းများစွာသောမျက်လုံးတွေက သူ့ဆီမှာပဲရှိနေကာ လီဝမ်က ကမ္ဘာကြီးရဲ့ဗဟိုချက်ဖြစ်လာသည်။ အမျိုးသားဇာတ်လိုက်ဖြစ်သည့် သွမ့်ရှင်းဟွေ့ပင်လျှင် လီဝမ့်ရှေ့၌ နိမ့်ကျနေပေသည်။

သွမ့်ရှင်းဟွေ့က ဧကရာဇ်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မနာလိုအားကျခြင်းတို့ဖြင့် ငေးငိုင်ကာကြည့်နေသည်ကို နဉ်ရှု မျက်ဝန်းထောင့်မှတစ်ဆင့်တွေ့လိုက်ရသည်။

လီဝမ်က စိတ်လှုပ်ရှားဖို့ကောင်းလှသည့်မိန့်ခွန်းဖြင့် စစ်သည်တွေ တက်ကြွလာပြီး စစ်မြေပြင်ကို အခုချက်ချင်းခုန်ဝင်သွားချင်စိတ်ပေလက်လာသည်အထိ သူတို့ရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးလေ၏။

နဉ်ရှုရဲ့နှုတ်ခမ်းတွေ တွန့်ကွေးသွားသည်။ ပုံမှန်ဆို စကားနည်းတဲ့လီဝမ်က လူတွေ သေခြင်းတရားကို တက်တက်ကြွကြွရင်ဆိုင်ကဲလောက်သည်အထိ လှုံ့ဆော်ပေးနိုင်းစွမ်းရှိမည်ဟု သူမ မထင်ထားခဲ့။

လီဝမ်က မြောက်ပိုင်းမွန်ဂိုတွေကို အပြစ်ပေးဖို့ အလေးအနက်ထားနေတာကို သူမပြောနိုင်သည်။ စစ်သည်နှစ်သိန်းရဲ့စစ်တပ်ရိက္ခာအထောက်အပံ့အတွက် ကုန်ကျမှုက အံ့ဩစရာကောင်းလောက်အောင်မြင့်မားပေမယ့် သူက မြောက်ပိုင်းမွန်ဂိုဓားပြတွေကို သင်ခန်းစာပေးဖို့အတွက်နဲ့ ရင်းနှီးပစ်လိုက်သည်။

လီဝမ်က သူ့ရဲ့အံ့ဩဖွယ်ရာမိန့်ခွန်းကိုပြောကြားနေစဉ်မှာ ဗုံသံတွေကလည်း တဖြည်းဖြည်းအရှိန်မြန်လာပြီး စစ်သည်တွေရဲ့ကြွေးကြော်သံတွေနဲ့ရောနှောသွားကာ ထိုအသံက မြို့တော်တစ်ခုလုံးကိုပင် တုန်ခါလာစေသည်။

"ကျားဟွေ့"

လီဝမ်က နဉ်ရှုကို လက်ယပ်ခေါ်သည်။ သူမက မြင်းပေါ်ကချက်ချင်းခုန်ဆင်းကာ လီဝမ့်ဆီလျှောက်သွားသည်။ သူမက ဒူးတစ်ဖက်ချကာ ဒူးထောက်လိုက်ရင်း လက်သီးဆုပ်အရိုအသေပေးကာ အော်လိုက်သည်။

The General Loves A Village Girl (Arc-2) (Complete)Tempat cerita menjadi hidup. Temukan sekarang