Chapter -70(Chapter 133: တစ်ဖန်ပြန်လာတိုက်ခြင်း)

2.1K 273 19
                                    

Chapter 133: တစ်ဖန်ပြန်လာတိုက်ခြင်း

သူ့မျက်လုံးနဲ့ သူကိုယ်တိုင် မင်းသမီးကျားဟွေ့အဆင်ပြေကြောင်းကို အတည်ပြုချင်တဲ့အတွက် ရက်သိပ်မကြာဘဲ ဟယ်လျန်ယင်းက ပြန်လာတိုက်လေတယ်။ သူက မြို့ရိုးပေါ်မှာရပ်နေတဲ့ မင်းသမီးကျားဟွေ့ကို အကြာကြီးစိုက်ကြည့်လို့နေတယ်။

ပြီးတာနဲ့ သူက ရုတ်တရက်ကြီး ပြုံးလိုက်တယ် ၊ သူ့ရဲ့အပြုံးက အပျော်တွေ စိတ်သက်သာ ရမှုတွေနဲ့ ပြည့်လို့နေတယ်။

မင်းသမီးကျားဟွေ့က ဟယ်လျန်ယင်းကို အံ့ဩစွာကြည့်နေမိတယ် ၊ ဒီလူ ဒီမကောင်းဆိုးဝါးနဲ့တူတဲ့ သူကလည်း ဒီလိုမျိုးပြုံးတတ်တာလား။ သူမသိတဲ့ ရက်စက်ပြီး ကောက်ကျစ်တဲ့ အဲ့ဒီလူက ဒီလိုမျိုးလုံးဝပြုံးမှာ မဟုတ်ဘူး။

သူက ဘာလို့ပြုံးနေတာလဲ ၊ မဟုတ်မှလွဲရော သူမ မသေသေးတာကိုသိသွားလို့ စိတ်ပျက်လွန်းပြီးရူးသွားတာလား။

မင်းသမီးကျားဟွေ့က သူမခါးက ကြာပွတ်ကိုကိုင်ပြီးတော့ "မြှားတွေကိုပစ်လိုက်" ဆိုပြီးအေးစက်စွာ အမိန့်ပေးလိုက်တယ်။

သွမ့်ရှင်းဟွေ့က မင်းသမီးကျားဟွေ့ကိုကြည့်နေရင်းနဲ့ သူမကိုကြည့်ရတာ အရင်ကထက်ကျက်သရေပိုရှိပြီး အထက်တန်းဆန်တယ်လို့ခံစားရတဲ့အပြင် သူမကနောက်တစ်ကြိန်ပြန်မွေးဖွားလာတယ်လို့ခံစားရတယ်။ အရင်ကလိုမျိုး အေးစက်ပြီးမထူးခြားနားတာမဟုတ်ဘဲနဲ့ သူမနှုတ်ခမ်းကိုစေ့ထားတဲ့အခါမှာဆိုရင် တည်ကြည်ပြီးတော်ဝင်ဆန်တဲ့အရှိန်အဝါမျိုးကိုရလို့နေတယ်။

သူမရဲ့ အရှိန်အဝါက နောက်တစ်ခါပြောင်းသွားပြန်ပြီ ၊ သွမ့်ရှင်းဟွေ့က မင်းသမီးကျားဟွေ့ရဲ့ အပြောင်းအလဲတွေကြောင့် သွမ့်ရှင်းဟွေ့ရဲ့ စိတ်တွေဗရုတ်သုတ်ခ ဖြစ်လို့နေတယ်။ အရင်ကဆို မင်းသမီးကျားဟွေ့က သူ့ကို ရေခဲတမျှအေးစက်နေတဲ့ အကြည့်တွေနဲ့ကြည့်တဲ့အပြင် သူမက သူ့ရဲ့နှလုံးသားအနက်ရှိုင်းဆုံးထဲထိမြင်နိုင်တယ်လို့ခံစားရတယ် ပြီးရင် သူမရဲ့အကြည့်တွေထဲမှာ ကဲ့ရဲ့မှုနဲ့လှောင်ပြောင်မှုတွေလည်း ပါတယ်။

The General Loves A Village Girl (Arc-2) (Complete)Donde viven las historias. Descúbrelo ahora