Chapter 121: ဒီမင်းသားရဲ့ကြင်ယာတော်မင်းသမီးလုပ်ပါ
______"နင်တို့မြောက်ပိုင်းမွန်ဂိုတွေမှာ နင်တို့ရဲ့ကိုယ်ကျင့်တရားတွေကို ပြန်ကြည့်ဖို့ ကြေးမုံတောင်မရှိတာလား? ကြေးမုံမရှိရင်လည်း ဆီးသွားပြီး အဲ့ထဲမှာ ကိုယ့်ဘာသာပြန်ကြည့်လိုက်။ လောကရဲ့ထိပ်ဆုံးမှာရှိနေသလိုပြုမူဖို့ယုံကြည်မှုတွေကို နင် ဘယ်ကရလာလဲဆိုတာ ငါ မသိတော့ဘူး"
နောက်ဆုံး၌ ဆဲဆိုပစ်လိုက်ရပြီဖြစ်သဖြင့် နဉ်ရှု ပျော်သွားသည်။ ဟယ့်လျန်ယင်းရဲ့ 'ငါက အရေးပါတဲ့လူပဲ၊ ဒီအရေးပါတဲ့လူက မင်းကိုသဘောကျတာ မင်းကံကောင်းတယ်'ဆိုတဲ့အပြုအမူကိုမြင်တိုင်း သူမ ပြောစရာစကားတွေပျောက်နေရတာ။
သူက လုံးဝကိုရူးနေတာပဲလို့ သူမခံစားလိုက်ရသည်။
အနှီတာတာတို့မှာ နဉ်ရှုရဲ့စကားကြောင့် အင်မတန်မှဒေါသထွက်သွားကြပြီး သူတို့အားလုံးက သူမကို အရှင်လတ်လတ်ဝါးစားပစ်ချင်နေကြသည့်အလား နဉ်ရှုကိုကြည့်လာကြ၏။
နဉ်ရှုက သရော်နေသော်လည်း စိတ်ထဲမှာမူ ပေါက်ကရတွေကျိန်ဆဲနေမိ၏။ ရှန်းဖုန်းက ဘာတွေများလုပ်နေတာတုန်း? ဒီနေရာက ခြေလှမ်းနည်းနည်းလေးပဲဝေးတာကို ဘာလို့ အခုထိမရောက်သေးတာတုန်း?
နဉ်ရှုရဲ့နှလုံးသားလေးမှာ အနည်းငယ်စိုးရိမ်လာသည်။ ဒီတစ်ခေါက်သာ သူမ အသက်ရှင်လျက်ပြန်သွားနိုင်ရင် ဒီလူတွေကို သေချာပေါက်ခွဲထုတ်ပစ်ရမယ်။ မဟုတ်လို့ကတော့ ဒီလိုအဖြစ်အပျက်မျိုးက ထပ်ဖြစ်လာဦးမှာပဲ။
ဒီစကားကိုကြားတဲ့အခါ ဒေါသတို့က ဟယ့်လျန်ယင်းရဲ့မျက်နှာထက်မှာပေါ်လာပြီး သူက အေးစက်စွာဆိုသည်။
"မင်းသမီးကျားဟွေ့၊ မင်း ကိုယ့်ကို ရည်ရွယ်ချက်ရှိရှိရန်စနေတာက မင်းက မင်းနောက်ကစစ်သည်တွေရဲ့ဂရုမစိုက်ဘူးဆိုတဲ့အဓိပ္ပာယ်လား?"
နဉ်ရှုက အေးစက်စွာရယ်သည်။
"ဒီမင်းသမီးက သေချာပေါက်ဂရုမစိုက်နိုင်ဘူးပေါ့။ အဆုံးသတ်မှာ သူတို့သေရင်တောင် ဒီမင်းသမီး သူတို့ရှေ့မှာသေသွားပြီးမှလေ။ ဟယ့်လျန်ယင်း၊ ယုံနိုင်ငံမြေကို နင့်ကိုယ်ပိုင်ဥယျာဉ်မြေလိုသဘောထားနေရအောင် နင် အရမ်းဘဝင်မြင့်နေတယ်လို့မထင်ဘူးလား?"

KAMU SEDANG MEMBACA
The General Loves A Village Girl (Arc-2) (Complete)
Fiksi SejarahAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023