Chapter - 10(Chp-73;နန်းတော်ကနေထွက်သွားမယ်..!?)

7.7K 896 12
                                    

Chp-73;နန်းတော်ကနေထွက်သွားမယ်..!?

မိဖုရားကနဉ်ရှုကိုသက်သာတာသေချာကြောင်းကို အထပ်ထပ်မေးမြန်းနေခဲ့လေတယ်။သေချာတာကတော့ အဲ့တာက သူမကသူ့ယောင်းမကိုအရမ်းဂရုစိုက်တယ်လို့ ထင်စေချင်လို့ဆိုတာပြောစရာတောင်မလိုလေဘူး...
နဉ်ရှုကလည်းမိဖုရားကို အထိုက်အလိုက်ပြောကာ အဖော်ပြုလို့နေလေတယ်။ခဏလောက်ပြောပြီးတော့ မိဖုရားက အောင်"မြင်"နဲ့ ခေါင်းစဉ်ပြောင်းနိုင်ခဲ့ပြီးတော့ သူမအနောက်ဆောင်ကိုဘယ်လိုခက်"ခဲ"အုပ်ချုပ်နေရတဲ့အကြောင်းတွေကိုပြောလာလေတယ်...
ပွင့်"လင်း"ပြောရရင်မိဖုရားက နဉ်ရှုကိုဒီကြင်ယာတော်တွေအကြောင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြောပြနေတာ။ဒီနန်းတော်ထဲမှာ လီဝမ်ကိုမကြောက်တဲ့လူရယ်လို့မရှိတဲ့အတွက် မိဖုရားကနဉ်ရှုကိုအသုံးချပြီးမင်းကြီးကို ဒီအကြောင်းတွေသိစေချင်တာ...
မိဖုရားရဲ့စကားကလှည့်ကွက်တွေနဲ့ထပ်ဖြည့်ထားပေမယ့်နဉ်ရှုအတွက်ကတော့ အဲ့ဒီမိန်းမတွေကိုသူလည်းကြည့်မရတဲ့အတွင် တကယ်လို့သာမြင်နေလေတယ်။
ဒီလိုကောင်းတဲ့ အပြောစွမ်းရည်အတွက်ကြောင့်မလို့ မူလhostက မိဖုရားရဲ့ဒိုင်းကာဖြစ်ပြီးတော့ သုမကိုထိခိုက်မှုနည်းအောင်လုပ်ပေးတဲ့သူဖြစ်သွားလေတော့လေတယ်..
ဝန်ခံရရင်မူလhostက‌အမြောက်စာအတွက်တော်တော်လေးသင့်တော်လေတယ်။မင်းကြီးတောင်မှဘဲမူလhostကို အသုံးချလေတယ် ဒါပေမယ့်သူကလိုချသ်တာ ရပြီးတိုင်းသူမကိုရာထူးတွေဂုဏ်ပုဒ်တွေပေးလေတယ်။
ဒီမိဖုရားကျတော့ ပေးတော့မပေးဘဲ သူကြီးဘဲယူနေတာ...
နဉ်ရှုကတော့ ဒီနန်းတော်ကြီးက အန္တရာယ်တွေနဲ့ပြည့်နေတယ်လို့သာထင်လေတယ် ။သူမရဲ့တာဝန်က တွမ်ရှင်းဟွေ့နဲ့ အားရာသာဖြစ်တာကြောင့်သူမအခြားအရာတွေနဲ့ မပတ်သတ်ချင်လေဘူး...
ပြီးတော့ဒီနန်းတော်ထဲမှာသူမကိုကူညီနိုင်မယ့်လူမရှိဘူးဆိုတာကို သူမကောင်းကောင်းသိလေတယ် လက်ထပ်ရမယ့်ကိစ္စပေါ်လာရင် သူတို့ကတခြားပြသနာတွေ ထပ်မလုပ်ပေးရင်တောင်ကျေးဇူးတင်နေရအုန်းမှာ
နဉ်ရှုကတော့ နန်းတော်ကနေတောင်ထွက်ပြေးချင်စိတ်ပေါက်နေလေတယ်။
"ကျားဟွေ့ဘာတွေစဉ်းစားနေတာလဲ" မိဖုရားကသူမ စကားအများကြီးပြောပြီးတာတောင် အရင်ကလိုဒေါသတကြီးနဲ့မင်းကြီးဆီပြေးသွားတာလိုမျိုးမလုပ်ဘဲ စိတ်နဲ့ကိုယ်နဲ့မကပ်သလိုဖြစ်နေတဲ့ သူမကိုကြည့်ပြီးထူးဆန်းနေလေတယ်..

The General Loves A Village Girl (Arc-2) (Complete)Where stories live. Discover now