Chapter -63

2.6K 389 6
                                    

Chapter 126: အသားခြောက်လှန်းဖို့ သင့်တော်တဲ့ရာသီဥတု
_____

Translated by - Dancing_Breeze

နဉ်ရှုက အေးစက်စက်ရယ်လိုက်ပြီးနောက် တာတာတစ်ယောက်ရဲ့အောက်ပိုင်းဆီ ကြာပွတ်ကိုလွှဲရိုက်ချလိုက်သည်။ တင်းတင်းကြပ်ကြပ်ကြိုးတုပ်ခံထားရတဲ့တာတာမှာ နာကျင်ရလွန်းတဲ့ရိုက်ချက်ကြောင့် မျက်ဖြူလန်သွားရရင်း ကြောက်မက်ဖွယ်အသံကြီးဖြင့်အော်လိုက်သည်။

စောစောလေးကတင်မှ တက်ကြွစွာအော်ဟစ်နေခဲ့ကြသည့်စစ်သည်တို့မှာ ကြောက်လန့်လွန်းသွားရသည်မို့ လုံးဝငြိမ်ကျသွားပြီး စစ်သည်နှစ်သိန်းနဲ့ကွင်းပြင်က ခဏကြာအောင်တိတ်ဆိတ်မှုတို့ကြီးစိုးသွားသည်။ သူတို့အားလုံးမှာ သူတို့ရဲ့ခွကြားကို တပြိုင်တည်းလိုလိုပင် အုပ်ကာလိုက်မိကြသည်။

နဉ်ရှုက အေးစက်စွာရယ်၏။

"ဒါက ငါ့ယုံနိုင်ငံကအမျိုးသမီးတွေကို စော်ကားမော်ကားလုပ်တဲ့အတွက်တန်ကြေးပဲ။"

နဉ်ရှုက ကြာပွတ်ကိုလွှဲကာဖြင့် တာတာရဲ့ကိုယ်အောက်ပိုင်းက အသားတွေ၊ သွေးတွေနဲ့စုတ်ပြတ်သတ်သွားသည်အထိ ရိုက်နှက်လေ၏။ ထို့နောက် သူက ကွင်းပြင်ကိုပြန်လှည့်ကြည့်သည်။ သူတို့ကိုဝေ့ဝဲကြည့်လာတဲ့နဉ်ရှုရဲ့အကြည့်ကိုခံစားမိသည့်ယောက်ျားသားများမှာ ခေါင်းတွေစပ်ဖျဉ်းဖျဉ်းဖြစ်လာကာ မသက်မသာခံစားလိုက်ရပြီး သူမကို မကောင်းဆိုးရွားတစ်ကောင်နှယ်ကြည့်နေမိကြလေ၏။

ထိုအချိန်တွင် စင်အောက်တွင်ရှိနေသည့်ချိုင်စန်းကတော့ နဉ်ရှုကို လေးစားမှုတွေပြည့်နေတဲ့မျက်ဝန်းနဲ့ကြည့်နေလေ၏။

အဆုံးတွင်တော့ ကျန်တာတာများမှာလည်း သူတို့ရဲ့ဘောတွေစုတ်ပြတ်သွားသည်အထိ နဉ်ရှုရိုက်တာခံလိုက်ရပြီး သေသွားကြသည်။ စစ်မြေပြင်မှာ သက်တမ်းတစ်ဝက်လောက်ကုန်ဆုံးခဲ့သည့် ရှန်းဖုန်းသည်ပင် တစ်ယောက်ယောက်က ရန်သူတွေကို နဉ်ရှုလုပ်သလိုပုံစံမျိုးနဲ့ အရှက်ခွဲတာမျိုး မတွေ့ဖူးခဲ့။

"တော်လောက်ပါပြီ မင်းသမီး။ စစ်တပ်က အကြင်နာတရားနဲ့ဖြောင့်မတ်မှုကို ကိုင်စွဲထားရမယ်လေ၊ မဟုတ်ရင် ကျွန်တော်မျိုးတို့ယုံနိုင်ငံနဲ့ မြောက်ပိုင်းမွန်ဂိုနိုင်ငံက ဘာများကွာခြားတော့မှာလဲ?"

The General Loves A Village Girl (Arc-2) (Complete)Onde histórias criam vida. Descubra agora