Chapter 132: သူသတ်ချင်တဲ့သူမဟုတ်ဘူး
ဖြစ်ပျက်သွားတာတွေက အရမ်းကိုမြန်လွန်းတာကြောင့်မလို့ အကုန်လုံးက အသိပြန်ဝင်လာချိန်မှာ တ့ယုံရဲ့ ရာထူးကြီးစစ်တပ်အရာရှိတစ်ယောက် မြှားပစ်ခံလိုက်ရပြီးဖြစ်တယ်။
မြောက်မွန်ဂို တာတာ တွေက သူတို့ရင်ဘတ်ကိုတီးပြီးအားပေးနေကြတယ်။ သူတို့ရဲ့ စိတ်တွေပြန်တက်ကြွလာပြီးတော့ သူတို့က ဒုတိယမင်းသားကို ကိုးကွယ်တဲ့အကြည့်တွေနဲ့ ကြည့်နေကြတယ်။
ဒါပေမယ့် ဟယ်လျန့်ယင်းရဲ့ မျက်နှာကသွေးဆုတ်နေပြီးတော့ သူ့ရဲ့လေးကိုတင်နေအောင်ကိုင်ထားတဲ့ လက်ကတုန်နေပြီးတော့ မယုံကြည်နိုင်အောင်ငေးနေမိတယ်။ သူမသေချာပေါက်ရှောင်နိုင်တာကို ၊ သူမရဲ့အရည်အချင်းအရဆိုရင် အဲ့ဒီမြှားကို မရှောင်နိုင်စရာအကြောင်းမရှိတာ။
အဲ့တာအပြင်သူမက သူသတ်ချင်တဲ့သူမဟုတ်နေဘူး။
ဟယ်လျန့်ယင်းက သူ့ရဲ့လက်ကိုမြှောက်လိုက်ပြီးတော့ "ပြန်ဆုတ်ဖို့ ဗုံသံအချက်ပေး" ဆိုပြီးအော်လိုက်တယ်။
ဒါက.....
ဒါက မြို့ကိုဝင်တိုက်ဖို့တကယ့်အခွင့်ကောင်းကြီးကို ဘာလို့သူတို့ကပြန်ဆုတ်ကြမှာလဲ။
"တတိယမင်းသား သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ထိထားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့လက်ထဲမှာ အောင်မြင်မှုတစ်ဝက်ရှိနေပြီလေ ကျွန်တော်တို့ဘာကြောင့်တပ်ဆုတ်ကြမှာလဲ။" တာတာထဲက ရာထူးမြင့်တစ်ယောက်က ဟယ်လျန်ယင်းကိုမေးလိုက်လေတယ်။
ဖြောင်း!
ဟယ်လျန်ယင်းက အဲ့ဒီအရာရှိကို ရိုက်လိုက်ပြီးတော့ "ဒီမင်းသားက ပြန်ဆုတ်မယ်လို့ ပြောရင် ပြန်ဆုတ်လိုက်" ဆိုပြီးဟိန်းလိုက်တယ်။
ဟယ်လျန်ယင်းက သူ့ရဲ့မြင်းကိုပြန်လှည့်လိုက်ပြီးတော့ မင်းသမီးကျားဟွေ့ ရပ်နေကျ နေရာကိုပြန်လှည့်ကြည့်လိုက်တယ်။ အခုတော့ အဲ့နေရာမှာ ဘယ်သူမှဘယ်သူမှမရှိနေဘူး၊ ဒါပေမယ့် ခဏလောက်၊ မထီမဲ့မြင်ပြုတတ်ပြီး လိမ္မာပါးနပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အေးစက်ပြီး လျစ်လျူရှုတတ်တဲ့ မျက်လုံးတွေကို သူမြင်လိုက်ရတယ်လို့ခံစားလိုက်ရတယ်။

KAMU SEDANG MEMBACA
The General Loves A Village Girl (Arc-2) (Complete)
Fiksi SejarahAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023