Chapter-49

3.3K 419 14
                                    

Unicode

Chapter 112: ဘယ်‌လက်ရုံးစစ်သူကြီးအဖြစ်ခန့်အပ်ခံရခြင်း
___________________

မြောက်မွန်ဂိုလီးယား သံတမန်အဖွဲ့ထွက်သွားတာနဲ့ လီဝမ်က ရှန်းဖုန်းကို တပ်မှူးကြီးအဖြစ်ခန့်အပ်ပြီးတော့ နယ်စပ်ကိုစေလွှတ်လိုက်တယ်။

အကုန်လုံးကလည်း မြောက်မွန်ဂိုလီးယားတွေက ဒီလောက်နဲ့လက်လျော့မှာ မဟုတ်ဘူးဆိုတာကိုလည်း သိကြတယိ။

ရှန်းဖုန်းဟာ အသက်လေးဆယ်နားနီးနေပြီဖြစ်တဲ့ စစ်သူကြီးတစ်ဦးဖြစ်ပြီး စစ်ပွဲ‌အတွေ့အကြုံလည်းအတော်များတဲ့သူတစ်ဦးဖြစ်တဲ့အတွက် ဒီခန့်အပ်မှုနဲ့ပတ်သတ်ပြီးဘယ်သူကမှ မအံ့ဩကြလေဘူး၊ လူတွေကိုအံ့ဩသွားစေတာက လီဝမ်က မင်းသမီးကျားဟွေ့ ,လီရွှယ်ရှန်းကို ဘယ်လက်ရုံးစစ်သူကြီးအဖြစ်ခန့်အပ်လိုက်တာပဲဖြစ်တယ်။

အမျိုးသမီးတစ်ဦးကိုစစ်တိုက်ခွင့်ပြုတယ်ဆိုတာ မကြုံစဖူးအဖြစ်အပျက်ဖြစ်တာကြောင့်မလို့ ရုံးတော်အတွင်းမှာမုန်တိုင်းအကြီးအကျယ်တိုက်သလိုဖြစ်သွားလေတယ်။ ကန့်ကွက်မှုများစွာရှိခဲ့ပေမယ့် အဲ့ဒီပုပ်သိုးနေတဲ့ပညာရှင်‌တွေကို လီဝမ်က စကားတစ်ခွန်းထဲနဲ့ ပါးစပ်ပိတ်သွားအောင်လုပ်နိုင်ခဲ့တယ်။

"မောင်မင်းတို့မရှိလည်း ရုံးတော်ကအဆင်ပြေတာမလို့ မင်းသမီးကျားဟွေ့ကိုမသွားစေချင်ရင် မောင်မင်းတို့သွားလို့ရတယ်။"

လီဝမ်က ဒီအားနည်းပြီးကြက်ကိုလည်ပင်းညစ်ဖို့တောင်အားမရှိတဲ့ရုံးတော်အမှုထမ်းတွေကို စစ်တိုက်ထွက်ခိုင်းဖို့ကိစ္စကိုအတည်ပေါက်ပုံစံနဲ့ပြောနေတဲ့အပြင် သူကသူတို့ကိုချက်ချင်းအထုပ်အပိုးပြင်ခိုင်းပြီး နယ်စပ်ကိုသွားခိုင်း‌ဖို့တောင်အဆင်သင့်ဖြစ်နေပုံပေါက်လေတယ်။

အဲ့ဒီအမတ်တွေအကုန်လုံး ချက်ချင်းဘဲနောက်ဆုတ်ပြီးပါးစပ်ပိတ်ထားလိုက်ကြတော့တယ်။

တော်ဝင်အမိန့်ပြန်တမ်းကိုရတာနဲ့နဉ်ရှုကချက်ချင်းပဲ သူမပစ္စည်းတွေကိုစတင်ထုပ်ပိုးတော့တယ်၊ လိုအပ်တာတွေအကုန်ပါသွားဖို့ကအရေးကြီးဆုံးပဲ။

The General Loves A Village Girl (Arc-2) (Complete)Où les histoires vivent. Découvrez maintenant