Unicode
၁၀၂။ မကောင်းဘူး၊ မကောင်းတော့ဘူး
_____________________နဉ်ရှုက သူမခါးဆီကကြာပွတ်ကိုဖြုတ်သည်။ သူမက အမျိုးသားဇာတ်လိုက်ကိုရိုက်ပြီးပြီပဲ၊ အမျိုးသမီးဇာတ်လိုက်ကိုရိုက်ရတာက ဘယ်လိုခံစားရမှာပါလိမ့်? အာ မဖြစ်သေးဘူး၊ သူမ ဘယ်လိုလုပ်ပြီး အရမ်းရက်စက်လာတာပါလိမ့်? ဒါမကောင်းဘူး၊ မကောင်းတော့ဘူး။
မင်းသမီးက သူမရဲ့ကြာပွတ်ဆီလက်လှမ်းတာကိုမြင်လိုက်ရချိန်မှာ သွမ့်ရှင်းဟွေ့တစ်ယောက် ကြာပွတ်အရသာကိုချက်ချင်းသတိရသွားမိ၏၊ ဒါက သူ့သွေးကြောတွေပေါက်ထွက်နေသလိုနာတယ်။ အခုတောင် ဒီကြာပွတ်ကိုမြင်ရုံနဲ့ သွမ့်ရှင်းဟွေ့ရဲ့လက်မောင်းကနာလာသည်။
သူက အလောတကြီးပြေးထွက်လာကာ မြေပါ်ဒူးထောက်နေတဲ့အာ့ယာကိုပွေ့ချီလိုက်ပြီး နဉ်ရှုရဲ့ကြာပွတ်ကိုရှောင်ဖို့ ဘေးကိုတိမ်းလိုက်သည်။
နဉ်ရှုက သူမရဲ့ကြာပွတ်ကိုတည်ငြိမ်စွာပင်ပြန်ရုတ်၏။ သွမ့်ရှင်းဟွေ့လူအုပ်ကြားရောက်နေတာကို သူမ အစတည်းကသတိထားမိသားပဲ။ ကျွတ် ကျွတ်။ သူကဘေးမှာပုန်းနေပြီး သူ့မိန်းကလေးက ဒူးထောက်အကူအညီတောင်းတာကိုခွင့်ပြုတာကတော့၊ သွမ့်ရှင်းဟွေ့ရဲ့ကိုယ်ကျင့်တရားက တကယ်ကိုတစ်ခုခုပဲ အား။
သွမ့်ရှင်းဟွေ့ရဲ့ဘယ်အပိုင်းက မူလခန္ဓာရှင်ရဲ့သံယောဇဉ်နဲ့ထိုက်တန်လို့လဲဆိုတာ နဉ်ရှုတကယ်မသိတော့ပေ။ မူလခန္ဓာရှင်က ဒီအခြေအနေကိုလက်ခံဖို့မလိုလားတာမို့ ဒေါသက ဒီယောက်ျားကိုလုယူဖို့တွန်းအားပေးတယ်ထင်ပါရဲ့။ ပစ္စည်းတွေက လိုချင်တဲ့သူရှိပြီး လူတွေကိုအကျိုးပြုမှတန်ဖိုးရှိတာ။
တစ်ယောက်ယောက်သာတကယ်ကြည့်ရင် သွမ့်ရှင်းဟွေ့က လုံးဝလူကောင်းမဟုတ်ဘူးဆိုတာတွေ့မှာပဲ။
အာ့ယာက သွမ့်ရှင်းဟွေ့ကို ခဏမျှအံ့ဩတကြီးကြည့်နေပြီးမှ မျက်ရည်တွေတလိမ့်လိမ့်ကျလာ၏။ လူတိုင်းရဲ့စောင့်ကြည့်နေမှုအောက်မှာ သူမက ထိန်းချုပ်မရတဲ့စိတ်သက်သာရာရမှုကြောင့် သွမ့်ရှင်းဟွေ့ကိုတွယ်ဖက်ထားတော့သည်။
![](https://img.wattpad.com/cover/221408606-288-k531376.jpg)
YOU ARE READING
The General Loves A Village Girl (Arc-2) (Complete)
Historical FictionAuthor(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 ဒါက Quick Transmigration Cannon Fodder's Record of Counter Attacks ရဲ့ Arc 2 ပါ Start Date :20.4.2020 End Date : 25.3.2023