Chapter -71(အနီရောင်အလှမှတ်လေး)

2.7K 296 6
                                    

Chapter 134: အနီရောင်အလှမှတ်လေး

သွမ့်အိမ်တော်ရဲ့ ဝင်ပေါက်ကတော့အရမ်းကို သက်ဝင်လှုပ်ရှားလို့နေတယ် ၊ သွမ့်ရှုင်းဟွေ့က စစ်ဝတ်တန်ဆာအပြည့်နဲ့ ခမ်းနားစွာပြန်လာလေတယ်။ သူမရဲ့သားကိုတွေ့တာနဲ့ သခင်မကြီးသွမ့်က ဝမ်းသာလွန်းလို့ငိုလေတယ်။ သူမက သွမ့်ရှင်းဟွေ့ အသားညိုသွားကြောင်း ပိန်သွားကြောင်းကို အရမ်းတွေရင်နာနေတဲ့ အသံနဲ့ပြောနေတယ်။

သွမ့်ရှင်းဟွေ့အကြည့်က ယွင်သုန်ကိုကျော်ပြီးတော့ အာ့ယာဆီရောက်သွားလေတယ်။ သူမက ရေပြာကောင် ပိုးထည်ကိုဝတ်ဆင်ထားပြီးတော့ ခေါင်းမှာဆံထိုး ထိုးထားလေတယ်။ သူမက အရမ်းကိုပျော်ရွင်နေပြီးတော့ ဝမ်းသာမှုအပြည့်နဲ့ပြုံးလို့နေတယ်။ ဒါပေမယ့်ခဏကြာတဲ့အခါမှာတော့ အဲ့ဒီအမူအယာကမသင့်တော်ဘူးလို့ထင်တာကြောင့် သူမကချက်ချင်း ပါးစပ်ကိုစေ့လိုက်တယ်။

ပြီးတာနဲ့ သူမကို အဲ့ဒီအပြုံးက အရမ်း ရှက်တတ်ပြီး အောက်ကျတဲ့ပုံစံဖြစ်စေတာကိုမသိဘဲ သွမ့်ရှင်းဟွေ့ကို နှုတ်ခမ်းစေ့ထားပြီးအပြုံးလေးတစ်ခုပေးလိုက်တယ်။ ဆောင်းရာသီတစ်ခုအပြီးမှာ သွမ့်ရှင်းဟွေ့သဘောကျခဲ့တဲ့ အာ့ယာရဲ့ လွတ်လပ်ပြီးပေါ့ပါးတဲ့ အလှတရားက လုံးဝကိုပျောက်ကွယ်သွားခဲ့လေပြီ။

လက်ရှိ အာ့ယာရဲ့ လှုပ်ရှားမှုတိုင်းက သက်တောင့်သက်သာမရှိဘဲ ရုပ်သေးရုပ်လိုမျိုးဖြစ်နေတယ်။

သူမရဲ့အပြုံးကို သွမ့်ရှင်းဟွေ့တွေ့တဲ့အခါမှာ သွမ့်ရှင်းဟှေ့ရဲ့ စိတ်ထဲမှာ မင်းသမီးကျားဟွေ့ရဲ့မျက်နှာကိုမြင်ယောင်လာတယ်။ သူမက နှုတ်ခမ်းဒေါင့်နားမှာ စွန်းနေတဲ့သွေးကိုတောင် ဆွဲဆောင်မှုရှိစွာလျှက်နိုင်လေတယ်။

သွမ့်ရှင်းဟွေ့က အာ့ယာကိုလက်ထပ်လိုက်တဲ့အတွက် အာ့ယာကအလွန်ပျော်ရွင်နေစေတယ်။ မင်္ဂလာစားပွဲမှာတော့ သွမ့်ရှင်းဟွေ့က ဝိုင်တွေအများကြီးသောက်ပြီး ငိုလေတယ်။ သူက အတိတ်ကိုလွမ်းဆွေးနေတာလည်းဖြစ်နိုင်သလို နောင်တရနေတာလည်းဖြစ်နိုင်တယ်။

သွမ့်ရှင်းဟွေ့နဲ့ အာ့ယာရဲ့ ဘဝက ထင်ထားသလောက်မကောင်းလေဘူး ၊ သွမ့်ရှင်းဟွေ့က အာ့ယာကိုမယားကြီး နေရာပေးထားပေမယ့် တစ်သက်လုံးအာ့ယာကိုဘဲ သစ္စာရှိပါမယ်ဆိုတဲ့ ကတိကိုတော့မတည်ခဲ့ဘူး။ သူ့ရဲ့ဘေးမှာ မိန်းမပေါင်းများစွာရှိလို့နေတယ် ၊ အခုဆိုမင်းသမီးကျားဟွေ့လည်းမရှိတော့တဲ့အတွက် သွမ့်ရှင်းဟွေ့ကဘယ်မိန်းမ ကိုမှဂရုမစိုက်တော့ဘူး ဒါမှမဟုတ် သူ့ဘေးမှာ မိန်းမဘယ်နှစ်ယောက်ရှိနေတာလဲကို ဂရုမစိုက်တော့ဘူးဘဲပြောရမလား။

The General Loves A Village Girl (Arc-2) (Complete)Donde viven las historias. Descúbrelo ahora