Chapter-59

2.8K 400 35
                                    

Chapter 122: တိုက်ပွဲ – မင်းသမီးကျားဟွေ့ VS ဟယ့်လျန်ယင်း
____

Translated by - Dancing_Breeze

"ဟယ့်လျန်ယင်း၊ ဒီမင်းသမီးက နင်နဲ့အမြဲတိုက်ချင်နေခဲ့တာ။ နင့်မှာ ဒီမင်းသမီး နင်နဲ့အတူလိုက်အောင်လုပ်နိုင်တဲ့အရည်အချင်းရှိလား ကြည့်ကြတာပေါ့။"

နဉ်ရှုက အေးစက်စက်ရယ်သည်။

"နင့်လူတွေကို ရပ်ခိုင်းထားပြီး တိုက်ကြမယ်။"

စစ်သည်တွေရဲ့စိတ်ဓာတ်ကို ထိန်းထားဖို့အတွက်တင်မကဘဲ ဒီခန္ဓာကိုယ်က ဟယ့်လျန်ယင်းကိုကြောက်နေတာကိုပါတားဖို့အတွက် ဒီတိုက်ပွဲကို တိုက်ကိုတိုက်ရမယ်ဆိုတာ နဉ်ရှုသိသည်။ ဟယ့်လျန်ယင်းကိုဖြတ်ကနဲမြင်လိုက်ရတာလေးနဲ့တင် ဒီခန္ဓာကိုယ်က အလိလိုတုန်နေပြီရယ်။

နဉ်ရှု အံကြိတ်လိုက်သည်။ ဟယ့်လျန်ယင်းက မရှုံးနိမ့်နိုင်တဲ့လူမဟုတ်ဘူးဆိုတာ သူမ 'ကိုယ့်ကိုကိုယ်'သက်သေပြပေးရမယ်။ နောက်ပိုင်းမှာလည်း သူမ ဟယ့်လျန်ယင်းနဲ့အကြိမ်အများကြီးတိုက်ရဦးမှာ။ သူမက အကြိမ်တိုင်း တုန်ရီနေရင်းတိုက်ရမှာလား?

နဉ်ရှုက သူမခါးမှာပတ်ထားတဲ့ကြာပွတ်ကို လက်နဲ့ပွတ်လိုက်ပြီးနောက် ဟယ့်လျန်ယင်းကိုပြောလိုက်သည်။

"တိုက်ကြစို့။'

ဟယ့်လျန်ယင်းက သူ့ရဲ့အိမ်မွေးတိရစ္ဆာန်ခပ်ဆိုးဆိုးလေးက တစ်ယောက်ယောက်ကို သူ့လက်သည်းတွေနဲ့ကုတ်ဖို့ကြိုးစားနေတာကို ကြည့်နေသည့်အလား နဉ်ရှုကို အင်မတန်အလိုလိုက်ချစ်ခင်နေသည့်အကြည့်ဖြင့်ကြည့်လာ၏။

"သဘောပါပဲကွာ။ ဒါက မင်းရှုံးရင် ဒီမင်းသားနဲ့လိုက်ခဲ့မယ်ဆိုတဲ့အဓိပ္ပာယ်လား?"

ဟယ့်လျန်ယင်းရဲ့နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ်ကွေးတက်သွားသည်။

"ဒီမင်းသားက မင်းကို အရမ်းစိတ်ဝင်စားနေတာ။"

နဉ်ရှုက တစ်ချက်အော်ကာ မြင်းကို ရှေ့ဘက်စီးသွားလိုက်ပြီး ဟယ့်လျန်ယင်းကို ကြာပွတ်နဲ့လွှဲရိုက်လိုက်သည်။ ဒီရိုက်ချက်မှာ သူမက အားကုန်ထည့်ထားတာဖြစ်သော်လည်း သူကတော့ ယိမ်းယိုင်ကာဖြင့် အသာအယာရှောင်လိုက်လေ၏။

The General Loves A Village Girl (Arc-2) (Complete)Where stories live. Discover now